From Wikipedia, the free encyclopedia
အလယ်တစ်ဝက်သရ (အင်္ဂလိပ်: mid central vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ⟨ə⟩ ဟူ၍ ဖော်ပြထားကာ ရွှား (schwa) ဟုလူသိများသည်။ အက္ခရာ e ကို အထက်အောက်လှည့်ထားသည့်ပုံစံဖြစ်သည်။
နိုင်ငံတကာသဒ္ဒဗေဒအဖွဲ့အစည်း လက်စွဲစာအုပ်တွင် [ə] ၏ ဝိုင်းခြင်း၊ ပြန့်ခြင်းသဘောကို သတ်မှတ်ဖွင့်ဆိုထားခြင်းမရှိသော်လည်း[1] အဝိုင်းသရထက် အပြန့်သရ ပို၍ဖြစ်သည်။ သဒ္ဒဗေဒပညာရှင် ဂျိန်း ဆက်တာ (Jane Setter) က ဤသရအသံထွက်နှင့်ပတ်သက်၍ အောက်ပါအတိုင်းဖော်ပြသည်။ "[ə] သည် ခံတွင်းတွင် စကားသံထုတ်လုပ်သည့်အင်္ဂါများကို သက်တောင့်သက်သာထား၍ အသံထုတ်ခြင်းဖြစ်သည်"[2] အဝိုင်းသရမူကွဲအဖြစ်အသံထုတ်ရာတွင်တော့ နှုတ်ခမ်းကို ဝိုင်းရမည်ဖြစ်သည်။
မြန်မာဘာသာစကားတွင် ဤသရသံသည် အများအပြားရှိကြသည်။ (အ-) မတြာဝက်သရ (သို့) သရတိုဟု ခေါ်ဆိုသည်။ အဖေ၊ အတိုင်းအတာ များမှ အ သံဖြစ်၍ လူအ၊ အကုသိုလ် တို့တွင် ထွက်ရှိသော အာ့ သံမဟုတ်ပေ။[3]
အာဖရိကဘာသာစကားများတွင် အလယ်တစ်ဝက်သရများအား အဝိုင်း၊ အပြန့်ပုံစံ ခွဲခြား၍ထားပြီး အဝိုင်းပုံစံကို ⟨œ⟩ ဟူ၍ ဖလှယ်ရေးသားသည်။ ကွဲပြားမှုသည် ခိုင်ခိုင်မာမာတော့မရှိလှပေ။ စကားပြောသူ အများစုသည်ကား အဝိုင်း/အပြန့် သဘော နှစ်ခုစလုံးတွင်ပင် အပြန့်ပုံစံကိုသုံစွဲကြ၏ ။[4]
ဤသင်္ကေတ၏ တိကျသော အရည်အသွေးနှင့် ဆက်စပ်မှုမရှိဘဲ များသောအားဖြင့် "ထင်ရှားခြင်းမရှိသော ဖော့သံပြု သရသံ"များအတွက် ⟨ə⟩ ကိုသုံးစွဲကြသည်။ ဥပမာ ⟨ə⟩ ဟု ဖလှယ်ရေးသားထားသော အင်္ဂလိပ်သရသံသည် အလယ်အပြန့်သရဖြစ်သည်။ ပတ်ဝန်းကျင်အနေအထားပေါ်မူတည်၍ တစ်ဝက်ပိတ် [ɘ] ၊ တစ်ဝက် [ə] ၊ တစ်ဝက်ဖွင့် [ɜ] တို့လည်းဖြစ်နိုင်သည်။[5]
အလယ်တစ်ဝက်အပြန့်သရကို ရံခါအားဖြင့် [ə] ဟုသာ ရေးသားကြ၏ ။ တိကျသေချာမှုအလိုရှိပါက အလယ်တစ်ဝက်ပိတ်အပြန့်သရအတွက် အနိမ့် ဖြည့်စွက်အက္ခရာသုံး၍ [ɘ̞] ဟုဖော်ပြနိုင်သည်။ ဖြစ်နိုင်ခြေအခြားတစ်ခုမှာ အလယ်တစ်ဝက်ဖွင့်အပြန့်သရအတွက် အမြင့် ဖြည့်စွက်အက္ခရာသုံး၍ [ɜ̝] ဟုဖော်ပြနိုင်ပေသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.