![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/4/44/Zonal_Councils.svg/langmy-640px-Zonal_Councils.svg.png&w=640&q=50)
အရှေ့မြောက်ပိုင်း ဇုန်နယ်ဆိုင်ရာ ကောင်စီ
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ၏ ဇုန်နယ်ဆိုင်ရာကောင်စီ / From Wikipedia, the free encyclopedia
အရှေ့မြောက်ပိုင်း ဇုန်နယ်ဆိုင်ရာ ကောင်စီ (အင်္ဂလိပ်: North-Eastern Zonal Council) သည် အိန္ဒိယနိုင်ငံ၏ ဇုန်နယ်ဆိုင်ရာ ကောင်စီတစ်ခု ဖြစ်သည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြည်နယ်များဖြစ်သော အာသံပြည်နယ်၊ အာရန်နာချယ်ဒေသပြည်နယ်၊ မဏိပူရပြည်နယ်၊ မိဂါလယပြည်နယ်၊ မီဇိုရမ်ပြည်နယ်၊ နာဂလန်းပြည်နယ် နှင့် တြိပူရပြည်နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/4/44/Zonal_Councils.svg/640px-Zonal_Councils.svg.png)
ပြည်နယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း အလေ့အထ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ အိန္ဒိယနိုင်ငံ၏ ပြည်နယ်များကို ဇုန်ကြီး ခြောက်ခုအဖြစ် အုပ်စုဖွဲ့ထားသည်။ ဇုန်နယ်ဆိုင်ရာ ကောင်စီ ငါးခုကို ၁၉၅၆ ပြည်နယ်များ ပြန်လည်စီမံရေး အက်ဥပဒေ အပိုင်း ၃ အရ ဖွဲ့စည်းခဲ့သည်။[1][2][3]