အန်နီ လန်းနစ်
စကော့ အဆိုတော်-တေးရေးဆရာ / From Wikipedia, the free encyclopedia
အန်နီ လန်းနစ် (အင်္ဂလိပ်: Annie Lennox or Ann Lennox; အန်နီ လန်းနစ်ခ်စ်) သည် စကော့ အဆိုတော်၊ တေးရေးသူ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။ ၁၉၇၀ နှစ်များ၌ အသင့်တင့်အောင်မြင်ခဲ့၍ လှိုင်းသစ်ဂီတအမျိုးအစား (new wave) ကို ဖျော်ဖြေသော The Tourists အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည်။ သူမနှင့် တွဲဖက်အဖွဲ့ဝင် ဒေ့ဗ် စတျူးဝပ် (Dave Stewart) တို့သည် ယူရစ်သ်မစ် () အမည်ဖြင့် ၁၉၈၀ နှစ်များက နိုင်ငံတကာအောင်မြင်မှုများ ရရှိခဲ့သည်။ ၁၉၈၃ ဂီတဗီဒီယို Sweet Dreams (Are Made of This) ၌ လိမ္မော်ရောင် ဆံပင်ခပ်တိုတို၊ ရုံးကနားအမျိုးသားဝတ် အင်္ကျီဖြင့် ပါဝင်ခဲ့ရာ ဘီဘီစီက မျက်လုံးအားလုံးသည် အန်နီအပေါ်တွင်သာ စူးစိုက်ကျရောက်နေ၍ သီဆိုသူ၏ စွမ်းအားကြီးသော ကျားလိုလို မလိုလို အကြည့်သည် အမျိုးသားတစ်ဦး၏ အကြည့်အငေးကို အာခံတုဝံ့သည် ဟူ၍ ဖော်ပြခဲ့သည်။[1] ထို့နောက် ယူရစ်သ်မစ်အဖွဲ့နှင့် အောင်မြင်ခဲ့သည့် သီချင်းများမှာ There Must Be an Angel (Playing with My Heart) နှင့် Here Comes the Rain Again တို့ဖြစ်ခဲ့သည်။
အန်နီ လန်းနစ် OBE | |
---|---|
၂၀၁၀ ဗီယင်နာမြို့ နိုင်ငံတကာ ခုခံအားကျဆင်းမှုရောဂါ ညီလာခံအတွင်း ဖျော်ဖြေနေသော အန်နီ လန်းနစ် | |
ကိုယ်ရေး အချက်အလက်များ | |
အမည်ရင်း | Ann Lennox |
မွေးဖွား | (1954-12-25) ၂၅ ဒီဇင်ဘာ၊ ၁၉၅၄ (အသက် ၆၉) |
မူလတိုင်းပြည် | စကော့တလန်နိုင်ငံ၊ အာဘာဒီးန်မြို့ |
ဂီတဟန် |
|
အလုပ်အကိုင် |
|
တူရိယာ |
|
တက်ကြွသည့်နှစ်များ | ၁၉၇၆–လက်ရှိ |
တေးသံသွင်း ကုမ္ပဏီ |
|
ပူးတွဲ ပါဝင်မှု |
|
ဝက်ဘ်ဆိုက် | annielennox.com |
၁၉၉၂ ၌ တစ်ကိုယ်တော်အခွေ Diva ကို ဖြန့်ချိခဲ့၍ ထိုအခွေတွင် အောင်မြင်ခဲ့သည့် သီချင်းအချို့ပါဝင်ခဲ့သည်။ ထိုနှစ်တွင်ပင် Bram Stoker's Dracula ဇာတ်ကားအတွက် Love Song for a Vampire ကို သီဆိုပေးခဲသည်။ ၁၉၉၅ စတူဒီယို တေးအခွေ Medusa ကို ထုတ်ဝေခဲ့ပြီး ယနေ့အထိ တစ်ကိုယ်တော် (၆) ခွေ ထုတ်ဝေပြီး ဖြစ်၏ ။ ၂၀၀၉ တွင် လက်ရွေးစင်အခွေ The Annie Lennox Collection ကိုလည်း ဖြန့်ချိခဲ့သည်။ ဘရစ်ဆုရှစ်ခု (Brit Awards) ရရှိခဲ့ရာ အကောင်းဆုံး ဗြိတိသျှအမျိုးသမီးအဆိုတော် ဆုခြောက်ခုပါဝင်ခဲ့သည်။[2] ဂရမ်မီဆု လေးဆုနှင့် ဂီတဗီဒီယိုဆု (MTV Video Music Award) တစ်ခုလည်း ပိုင်ဆိုင်ထားလေသည်။ ၂၀၀၂ တွင် ဘီလ်ဘော့ဒ်၏ အမြင့်ဆုံးဆုဖြစ်သော ရာစုနှစ်ဆု (Billboard Century Award) ကိုရရှိခဲ့သည်။[3] ၂၀၀၄ တွင် ရွှေကမ္ဘာလုံးဆု နှင့် အကယ်ဒမီဆု ကို လက်စွပ်များ၏ အရှင်သခင် : ဘုရင်ပြန်လည်ရောက်ရှိလာခြင်း ရုပ်ရှင်ဇာတ်ဝင်တေး အနောက်ဘက်ဆီသို့ သီချင်းဖြင့် ရရှိခဲ့သည်။
လန်းနစ်၏ အသံအကွာအဝေးသည် ကန်ထရာတို (contralto) ဟုခေါ်သော အမျိုးသမီး အနိမ့်ဆုံးဘယ်သံဖြစ်သည်။[4][5][6] ရိုးလင်းစတုံးက သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး အဆိုတော် (၁၀၀) တွင် တစ်ဦးအပါအဝင်ဖြစ်သည်ဟူ၍လည်းကောင်း VH1 ကလည်း အကြီးကျယ်ဆုံး သက်ရှိထင်ရှား ဆိုးလ်ဂီတ သီဆိုသူဟူ၍လည်းကောင်း အသီးသီးရွေးချယ်ခဲ့ကြ၏ ။[7] ၂၀၁၂ တွင် VH1 ၏ အကြီကျယ်ဆုံ ဂီတအမျိုးသမီး (၁၀၀) တွင် အန်နီကို နံပါတ် (၂) နေရာ ရွေးချယ်ခြင်းခဲ့သည်။[8] ယူကေဂီတသမိုင်းတွင်လည်း အအောင်မြင်ဆုံး ဗြိတိသျှအမျိုးသမီးအဆိုတော် ဟူသော ဂုဏ်ပုဒ်ရရှိခဲ့သည်။ ၂၀၀၈ မှစ၍ ယနေ့အထိ ယူရစ်သ်မစ်အဖွဲ့နှင့် သူမသီချင်းများအပါအဝင် တေးအချပ်ရေ သန်း (၈၀) ကျော် ရောင်းချနိုင်ခဲ့သည်။[9] ၂၀၁၂ လန်ဒန် နွေရာသီ အိုလံပစ် ပိတ်ပွဲအခမ်းအနား၌ Little Bird သီချင်းကို ဗြိတိသျှဂီတ တစ်နာရီသံစုံတေးဂီတဝိုင်း အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် တင်ဆက်ခဲ့သည်။ ၂၀၁၅ Ivor Novello Awards အခမ်းအနားတွင် လန်းနစ်ကို ဗြိတိသျှ တေးရေးသူ၊ ဂီတဖွဲ့သူ၊ စာရေးဆရာများ အကယ်ဒမီ၏ အဖွဲ့ဝင်အဖြစ် လက်ခံဂုဏ်ပြုခဲ့သောကြောင့် ဤဂုဏ်ပြုမှုကိုရရှိသော ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့သည်။[10][11]
ဂီတလုပ်ငန်းအပြင် နိုင်ငံရေး၊ လူမှုရေးတို့တွင်လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ရာတွင် အထူးအားဖြင့် ခုခံအားကျဆင်းမှုရောဂါအတွက် အသိပညာပေး ရန်ပုံငွေရှာပွဲများ ဖြစ်သည်။ ၂၀၁၂ တွင် လန်းနစ်ကို ဒုတိယမြောက် အဲလိဇဘတ်ဘုရင်မက ဗြိတိသျှအင်ပါယာ အဖွဲ့ဝင် (OBE) ဘွဲ့ကို သူမ၏ မမောနိုင်မပန်းနိုင် ရန်ပုံငွေရှာဖွေခြင်း၊ လူသားခြင်းစာနာထောက်ထားသော ဆောင်ရွက်ချက်များကြောင့် ပေးအပ်ခဲ့သည်။ ၂၀၁၂ ဇွန် ၄ တွင် ဘုရင်မကြီး၏ စိန်ရတု ဂီတပွဲ၌ ဘက်ကင်ဟန်နန်းတော်တွင် ပါဝင် ဖျော်ဖြေခဲ့၍ ၂၀၁၇ ၌ ဂလာ့ဇ်ဂို ကယ်လီဒိုးနီယန် တက္ကသိုလ် (Glasgow Caledonian University) ၏ ပထမဆုံးသော အမျိုးသမီး အဓိပတိအဖြစ် အန်နီကို ခန့်အပ်ခဲ့သည်။[12]