![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/4/42/MM_Western_RMC_Badge.svg/langmy-640px-MM_Western_RMC_Badge.svg.png&w=640&q=50)
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
အမ်းမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ် / From Wikipedia, the free encyclopedia
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် နပခ) သည် အမ်းမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တောင်ဘက်ရှိ ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ကျော်စွာဦး (ကြည်း - ၂၆၇၅၃) (တေဇ - ၂၂) ဖြစ်သည်။[1]
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (စက်တင်ဘာ ၂၀၂၁) |
အချက်တိုများ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်, နိုင်ငံ ...
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် | |
---|---|
နပခ | |
![]() အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | ![]() |
တပ်မတော် အမျိုးအစား | ![]() |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
အမည်ပြောင် | ကိုးမြှောင့်ကြယ်၊ ရခိုင်သား |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ကျော်စွာဦး |
ဒုတိယတိုင်းမှူး | ဗိုလ်မှူးချုပ် အောင်ကျော်မင်း |
အဆောင်အယောင်များ | |
အလံတော် | ![]() |
ပိတ်ရန်