အခြေခံ သက်ရောက်မှုကြီး
From Wikipedia, the free encyclopedia
ရူပဗေဒအရ လောက (Universe) တွင် အခြေခံ သက်ရောက်မှုကြီး (the Fundamental Interaction) ၄မျိုး ရှိသည်။[1]
- ဒြပ်ဆွဲမှု (Gravity)
- လျှပ်စစ်သံလိုက်ဓာတ် (Electromagentism)
- နျူကလီးယား အပျော့စက် (Weak Interaction)
- နျူကလီးယား အပြင်းစက် (Strong Interaction)
(ဤတွင် ထည့်သုံးသော "စက်" မှာ machine ကို မဆိုလိုဘဲ mechanism ကို ဆိုလိုသည်။ မြန်မာစာပေ၏"အာဏာစက်"၊ "ဆောင်းစက်ရိပ်ခို ရေတွက်လို့ ဆိုတော့မည်" စသည်တို့၌ တွေ့ရသည်မျိုးကို မှီငြမ်း၏။)