![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/8/8a/Hailee_Steinfeld_by_Gage_Skidmore.jpg/640px-Hailee_Steinfeld_by_Gage_Skidmore.jpg&w=640&q=50)
ဟေလီ စတိုင်းဖဲ
အမေရိကန် သရုပ်ဆောင်၊ အဆိုတော် နှင့် မော်ဒယ် / From Wikipedia, the free encyclopedia
ဟေလီ စတိုင်းဖဲ (အင်္ဂလိပ်: Hailee Steinfeld; ၁၉၉၆ ဒီဇင်ဘာ ၁၁ ဖွား[2] [3]) သည် အမေရိကန်သရုပ်ဆောင်နှင့်အဆိုတော်ဖြစ်သည်။ သူမသည် Peabody ဆု တစ်ဆု အပါအဝင် ရုပ်ရှင်၊ ဂီတဆုတံဆိပ်များစွာရရှိထားပြီး၊ အော်စကာဆု၊ ဗြိတိန်အကယ်ဒမီရုပ်ရှင်ဆု နှင့် ရွှေကမ္ဘာလုံးဆုတို့အတွက်လည်း ဆန်ကာတင်စာရင်းဝင်ထားခဲ့သူဖြစ်သည်။
ဟေလီ စတိုင်းဖဲ | |
---|---|
![]() 2018 San Diego Comic-Con ရောက် စတိုင်းဖဲ | |
ဇာတိ အမည် | Hailee Steinfeld |
မွေးဖွား | (1996-12-11) ဒီဇင်ဘာ ၁၁၊ ၁၉၉၆ (အသက် ၂၇) Tarzana, California, U.S. |
အလုပ်အကိုင် |
|
တက်ကြွလှုပ်ရှားနှစ်များ | 2007–present |
ဆွေမျိုးသားချင်း |
|
ရရှိသည့်ဆုများ | Full list |
ဂီတခရီးလမ်း | |
ဂီတဟန် |
|
တူရိယာ | Vocals |
တေးသံသွင်း ကုမ္ပဏီ | Republic |
ဝက်ဘ်ဆိုက် | haileesteinfeldofficial.com |
စတိုင်းဖဲသည် အနောက်တိုင်းရုပ်ရှင် True Grit (၂၀၁၀) ဖြင့် ရုတ်ချဉ်းအောင်မြင်မှုရရှိခဲ့ပြီး၊ ထိုဇာတ်ကားဖြင့်ပင် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ အော်စကာဆုနှင့် BAFTA အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတို့အတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင်ထွက်ရှိခဲ့သော Ender's Game နှင့် Begin Again ရုပ်ရှင်များတွင်လည်းပါဝင်ခဲ့ပြီး၊ Pitch Perfect ရုပ်ရှင်စီးရီး (၂၀၁၅-၂၀၁၇) တွင်လည်း သူမ၏ဇာတ်ရုပ်ပီပြင်မှုကြောင့် အသိအမှတ်ပြုမှုများ ပိုမိုရရှိခဲ့ကာ၊ The Edge of Seventeen (၂၀၁၆) ရုပ်ရှင်ဖြင့် ရွှေကမ္ဘာလုံးဆုအတွက်ပါ ဆန်ကာတင်စာရင်းဝင်ခဲ့သည်။ သူမ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားသော Transformers ဇာတ်ကားတစ်ကားဖြစ်သည့် Bumblebee (၂၀၁၈) သည်လည်း ဝင်ငွေအကောင်းဆုံးရုပ်ရှင်ကားများထဲမှ တစ်ခုဖြစ်လာခဲ့သည်။
စတိုင်းဖဲသည် ကာတွန်းရုပ်ရှင် Spider-Man: Into the Spider-Verse (၂၀၁၈) တွင် Gwen Stacy / Spider-Woman အဖြစ်လည်းကောင်း၊ နက်ဖလစ် ဇာတ်လမ်းတွဲ Arcane (၂၀၂၁ – လက်ရှိ) တွင် Vi အဖြစ်လည်းကောင်း အသံသရုပ်ဆောင်လျက်ရှိသည်။ သူမသည် Apple TV+ ဟာသ-ဒရာမာဇာတ်လမ်းတွဲ Dickinson (၂၀၁၉-၂၀၂၁) တွင် Emily Dickinson အဖြစ်၊ Disney+ စီးရီး Hawkeye (၂၀၂၁) တွင် Kate Bishop အဖြစ် အဓိကဇာတ်ဆောင်နေရာများမှ သရုပ်ဆောင်ထားသည်။
စတိုင်းဖဲသည် Pitch Perfect 2 (၂၀၁၅) တွင် " Flashlight " သီချင်းကို ဖျော်ဖြေပြီးနောက် ဂီတဖက်တွင် အသိအမှတ်ပြုမှု ရရှိခဲ့သည်။ ထို့နောက် မကြာမီတွင် သူမသည် Republic Records နှင့် လက်မှတ်ရေးထိုးခဲ့ပြီး သူမ၏ ပွဲဦးထွက်သီချင်းတပုဒ်ဖြစ်သော " Love Myself " နှင့် ၎င်း၏ ပွဲဦးထွက် EP အဖြစ် Haiz (၂၀၁၅) ကိုပါဖြန့်ချိခဲ့သည်။ သူမသည် " Starving ", " Most Girls " နှင့် " Let Me Go " အပါအဝင် အောင်မြင်သောသီချင်းများကို သီးသန့် တပုဒ်ချင်းစီ ဆက်လက်ထုတ်ဝေခဲ့ပြီး၊ ၂၀၂၀ တွင်သူမ၏ဒုတိယ EP အဖြစ် Half Written Story ကိုထုတ်ဝေခဲ့သည်။