ဟူနန်ပြည်နယ်
From Wikipedia, the free encyclopedia
ဟူနန်ပြည်နယ်(တရုတ်: 湖南省; ပင်ယင်: Húnán Shěng)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ဘက်ရှိ ပြည်နယ်ဖြစ်သည်။ အမည်မှာ ဒုံထင်ဟို(洞庭湖) တောင်ဘက်ဟူသည့် ဝေါဟာရမှ ဆင်းသက်လာသည်။ မြောက်ဘက်၌ ဟူဘေပြည်နယ်၊ အရှေ့ဘက်၌ ကျံဆီပြည်နယ်၊ တောင်ဘက်၌ ဂိုအံဒုံပြည်နယ်၊ အနောက်တောင်ဘက်တွင် Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အနောက်ဘက်တွင် Guizhou ပြည်နယ်နှင့် အနောက်မြောက်ဘက်တွင် Chongqingတို့ဖြင့် ထိစပ်နေသည်။