![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/4/49/Toothpasteonbrush.jpg/640px-Toothpasteonbrush.jpg&w=640&q=50)
သွားတိုက်ဆေး
သွားသန့်စင်စေရန်သုံးသောဂျဲလ် / From Wikipedia, the free encyclopedia
သွားတိုက်ဆေး ဆိုသည်မှာ အပျစ်အရည် သို့မဟုတ် ဂျဲလ် (gel) တစ်မျိုးပင်ဖြစ်ပြီး သွားများကို သန့်ရှင်းစေရန်၊ အနံ့ဆိုးများ ပျောက်စေရန်နှင့် ခံတွင်းသန့်ရှင်းစေရန် အတွက် အသုံးပြုသည်။ အင်္ဂလိပ်ဘာသာ အားဖြင့် Toothpaste ဟု လူသိများပြီး၊ အခြားဘာသာများတွင် Toothcream ဟုလည်း ခေါ်ဝေါ်ကြသည်။ သွားတိုက်ဆေးကို အသုံးပြုခြင်း ဖြင့်တစ်ကိုယ်ရေကျန်းမာရေး ကို ထိန်းသိမ်းရာလည်း ရောက်သည်။ သွားကြားရှိ အစာဟောင်းများကို ဖယ်ထုတ်ရာတွင်လည်းကောင်း၊ ခံတွင်းမှ အနံ့ဆိုးများ ထွက်ခြင်းအား ကာကွယ်ပေးရာတွင်လည်းကောင်း အသုံးပြုနိုင်သည်။ ထို့အပြင် သွားတိုက်ဆေးတွင် ဖလိုရိုက်ဒ် (fluoride) နှင့် xylitol ကဲ့သို့သော အမှုန့်များလည်း ပါဝင်သဖြင့် သွားနှင့်ခံတွင်း ရောဂါများအား ကာကွယ်ရာတွင်လည်း များစွာအသုံး ဝင်သည်။ ဖွံ့ဖြိုးသော နိုင်ငံများတွင် သွားတိုက်ဆေး အသုံးပြုခြင်းသည် ပိုမိုများပြားလာသည်။ အချို့သွားတိုက်ဆေးများတွင် အန္တာရာယ်ဖြစ်စေသော ဓာတုဗေဒ ပစ္စည်းများပါဝင်ပြီး ၎င်းတို့ကို မြိုချမိပါက လည်ချောင်းအား ဥပါဒ်ဖြစ်စေတတ်သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/4/49/Toothpasteonbrush.jpg/640px-Toothpasteonbrush.jpg)
သွားတိုက်ဆေး ကဲ့သို့သော ခံတွင်းသန့်ရှင်းရေးပစ္စည်းများအား အစောဆုံးအသုံးပြုမူ့မှာ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ဝ ခန့်က တရုတ်၊ အီဂျစ်၊ မွန်ဂိုလီးယား နှင့် အိန္ဒိယတို့မှ စတင်ခဲ့ခြင်းဖြစ်မည်ဟု သမိုင်းပညာရှင်များက ခန့်မှန်းထားသည်။