သောင်ရင်းမြစ်
From Wikipedia, the free encyclopedia
သောင်ရင်းမြစ် (ကရင်: သူမွဲကျိ ) သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြားတွင် ဖြတ်သန်းစီးဆင်းသော မြစ်တစ်စင်းဖြစ်သည်။ ထိုင်းအခေါ်အားဖြင့် မူဟ်မြစ် (မိုအိမြစ်)ဟု လူသိများသည်။[1] သောင်ရင်းမြစ်သည် ထိုင်းနိုင်ငံ၊ ဖွတ်ဖလခရိုင်မှ မြောက်၊ အနောက်မြောက်အရပ်သို့ ဖြတ်သန်းစီးဆင်းလာပြီး မြန်မာနိုင်ငံ၊ ဘားအံခရိုင် နှင့် ထိုင်းနိုင်ငံ ဆွတ်မူဟ်ခရိုင်အနီးတွင် သံလွင်မြစ်အတွင်းစီးဝင်သွားသည်။ သောင်ရင်းမြစ်သည် ၃၂၇ ကီလိုမီတာ (၂၀၃ မိုင်) ရှည်လျားပြီး ငါးမျိုးစိတ်များစွာကိုလည်း မြင်ရလေ့ရှိသည်။