သန္တိစေတီတော်၊ ဒေလီ
From Wikipedia, the free encyclopedia
သန္တိစေတီတော်(ဟင်ဒီ: शांति स्तूप၊ ဟင်ဒီအသံထွက်: ရှန်တီ၊ အူရဒူ: شانتی ستوپ၊ ပန်ချာပီ: ਸ਼ਾਂਤੀ ਸਤੂਪ) သည် အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် တည်ရှိသည့် ဗုဒ္ဓဘာသာစေတီတော်တစ်ဆူ ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ချစ်ကြည်မှုနှင့် ငြိမ်းချမ်းရေးကို ရှေးရှူကာ တည်ခဲ့သည်။ ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေးစေတီတော်များစွာထဲမှ တစ်ခုလည်း ဖြစ်သည်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဒလိုင်းလားမားက ဖွင့်လှစ်ပေးခဲ့သည်။