From Wikipedia, the free encyclopedia
ပန်ချာပီ ( /pʌnˈdʒɑːbi/ ; [10] پن٘جابی ရှားဟ်မူခီ : پن٘جابی , ဂူရမူခီ : ਪੰਜਾਬੀ ပန်ချာပီအသံထွက်: [pənˈdʒaːbːi] ) သည် ပန်ချာပီလူမျိုးများ ပြောဆိုသော အင်ဒို-အာရီယန်ဘာသာစကား ဖြစ်ပြီး အိန္ဒိယ နှင့် ပါကစ္စတန်နိုင်ငံ ပန်ဂျပ် ဒေသတို့မှဖြစ်သည်။ ပန်ချာပီသည် ကမ္ဘာပေါ်တွင် ၉ ခုမြောက် အကျယ်ပြန့်ဆုံးပြောဆိုကြသော ဘာသာစကားဖြစ်သည်။ ပန်ချာပီသည် ပါကစ္စတန်တွင် အကျယ်ပြန့်ဆုံး ဘာသာစကားဖြစ်ပြီး အိန္ဒိယတွင် ၁၁ ခုမြောက် အကျယ်ပြန့်ဆုံးဘာသာစကားဖြစ်ပြီး အိန္ဒိယတိုက်ငယ် တွင် တတိယလူပြောအများဆုံး ဘာသာစကားဖြစ်သည်။ ပန်ချာပီသည် အင်္ဂလန်တွင် တတိယမြောက် လူပြော အများဆုံးဘာသာစကားဖြစ်ပြီး ကနေဒါတွင် ပဉ္စမမြောက် လူပြောအများဆုံးဘာသာစကားဖြစ်သည် ။ ၎င်းသည် အာရပ်စော်ဘွားများ ပြည်ထောင်စု ၊ အမေရိကန် ၊ ပြင်သစ် ၊ ဩစတြေးလျ ၊ နယူးဇီလန် ၊ အီတလီ နှင့် နယ်သာလန် တို့တွင်လည်း သိသာထင်ရှားစွာ တည်ရှိသည်။
ပန်ချာပီ | |
---|---|
| |
'Punjabi' written in Shahmukhi script used in Punjab, Pakistan (top) and Gurmukhi script used in Punjab, India (bottom) | |
အသံထွက် |
|
ဒေသခံ | အိန္ဒိယ နှင့် ပါကစ္စတန်နိုင်ငံ |
ဒေသ | ပန်ဂျပ် |
လူမျိုးစု | ပန်ချာပီလူမျိုး |
ဒေသခံ ပြောဆိုသူများ | ၁၁၃ သန်း (၂၀၁၁–၂၀၁၇)[1] |
အင်ဒို-ယူရိုပီယမ်
| |
စာအရေးအသားစနစ် |
|
တရားဝင် အခြေအနေ | |
ရုံးသုံး အဖြစ် အသုံးပြုမှု | အိန္ဒိယ |
တရားဝင် ထိန်းသိမ်းသူ | ဘာသာစကားများဌာန၊ ပန်ဂျပ်ပြည်နယ်၊ အိန္ဒိယနိုင်ငံ[7] ပန်ဂျပ် ဘာသာစကား၊ အနုပညာနှင့် ယဉ်ကျေးမှု သိပ္ပံ၊ ပါကစ္စတန်နိုင်ငံ |
ဘာသာစကားကုဒ်များ | |
ISO 639-1 | pa |
ISO 639-2 | pan |
ISO 639-3 | Either: pan – Panjabi pnb – Western Panjabi |
Glottolog | panj1256 Eastern Panjabi[8]west2386 Western Panjabi[9] |
Linguasphere | 59-AAF-e |
အဓိက ဘာသာစကား လူနည်းစု ဘာသာစကား | |
ပန်ချာပီဘာသာစကားကို ဒေသခံပြောဆိုသူဦးရေ ၁၁၃ သန်း ရှိပြီး ပါကစ္စတန်နိုင်ငံတွင် သန်း ၈၀ ကျော်ဖြစ်သည်။ ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်တွင် ပန်ချာပီဘာသာစကားသည် ပြည်နယ်သုံးဘာသာစကားအဖြစ် သတ်မှတ်ထားသည်။ အိန္ဒိယနိုင်ငံတွင် ပန်ချာပီဘာသာစကား ပြောဆိုသူ ၃၁.၃ သန်း (၂၀၁၁ အရ) ရှိပြီး ပန်ဂျပ်ပြည်နယ်၏ တရားဝင်ရုံးသုံးဘာသာစကား ဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.