ဝံပုလွေ
နို့တိုက် သတ္တဝါ မျိုးစိတ် (အသားစား) / From Wikipedia, the free encyclopedia
ဝံပုလွေ (wolf သို့ gray wolf) သည် ခွေးမျိုးရင်းဝင် တောရိုင်းသတ္တဝါများတွင် အကျယ်ပြန့်ဆုံးသော မျိုးစု ဖြစ်သည်။ ယခင်က ယူရေးရှား၊ မြောက်အမေရိက နှင့် မြောက်အာဖရိကတို့တွင် အလွန်အမင်း ပေါများခဲ့သော်လည်း ယခုအခါတွင် ကောင်ရေ သိသိသာသာ လျော့နည်းလာပြီ ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့ ကျင်လည် ကျက်စားရာ စားကျက်များ ပျက်စီးခြင်း၊ လူတို့၏ အမဲလိုက် သတ်ဖြတ်ခြင်းကို ခံရခြင်းနှင့် လူနှင့် ဝံပုလွေတို့ ရင်ဆိုင်တွေ့ရှိမှုများမှ အချို့နေရာများတွင် ဝံပုလွေများ ဒေသအတွင်း မျိုးသုဉ်းပျောက်ကွယ် သွားခြင်းတို့ကြောင့် ဖြစ်သည်။ သို့သော်လည်း အားလုံးခြုံကြည့်လျှင် အများအပြား ရှိနေသေးသည့်အတွက် နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမဂ္ဂမှ မျိုးပျောက်ရန် စိုးရိမ်ရေမှတ် အနိမ့်ဆုံး အဖြစ် သတ်မှတ်ထားသည်။ ယနေ့ခေတ်တွင် ဝံပုလွေများအား အချို့နေရာများတွင် ထိန်းသိမ်းစောင့်ရှောက် ထားပြီး အချို့နေရာများတွင် အပျော်တမ်း အမဲလိုက်ကြသည်။ လူများ၊ ကျွဲနွားတိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များ အတွက် အန္တရာယ် ရှိသည့်အတွက် အချို့နေရာများတွင် ကောင်ရေ ပွားများမလာအောင် စောင့်ကြည့်ပြီး အချို့နေရာများတွင် မျိုးသုဉ်းအောင် သတ်ဖြတ်ပစ်ကြသည်။
ဝံပုလွေ (မီးခိုရောင်ဝံပုလွေ (သို့) ကမ္ဘာဟောင်းဝံပုလွေ) Temporal range: Pleistocene အလယ်ခေတ်–လက်ရှိခေတ် (810,000–0 years လက်ရှိခေတ်မတိုင်မီ)[1] | |
---|---|
Wolf pack howling | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Carnivora |
မျိုးရင်း: | Canidae |
မျိုးဇာတ်သေး: | Canina |
မျိုးစု: | Canis |
မျိုးစိတ်: | C. lupus |
ဒွိနာမ | |
Canis lupus | |
Subspecies | |
| |
Global wolf range based on IUCN's 2018 assessment.[1] |