![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/a/aa/Leshan_giant_buddha.jpg/640px-Leshan_giant_buddha.jpg&w=640&q=50)
လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော်
From Wikipedia, the free encyclopedia
လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော် (အင်္ဂလိပ်: Leshan Giant Buddha; ရိုးရှင်းတရုတ်: 乐山大佛; ရိုးရာတရုတ်: 樂山大佛; ပင်ယင်: Lèshān Dàfó) သည် ၂၃၃ ပေ (၇၁ မီတာ) ရှည်သည့် ကျောက်ဆင်းတု ဖြစ်သည်။ ထန် မင်းဆက်ကာလ ၇၁၃ နှင့် ၈၀၃ အကြားတွင် တည်ခဲ့သည်။[1] ကျောက်ထရံကို မျက်နှာပုံစံ ထွင်းထုထားသည်။ တရုတ်နိုင်ငံ တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ မင်မြစ်နှင့် တာ့တုမြစ်တို့ ဆုံရာတွင် တည်ရှိသည်။ ကျောက်ဆင်းတုသည် အော်မေတောင်နှင့် မျက်နှာချင်းဆိုင်ကာ တည်ရှိသည်။ မြစ်ရေသည် ရုပ်ပွားတော်၏ ခြေတော်များအောက်မှ စီးဆင်းလျက် ရှိသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အရှည်ဆုံး ဗုဒ္ဓကျောက်ဆင်းတု ဖြစ်သည်။[2]
အချက်တိုများ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ, တရားဝင်အမည် ...
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ | |
---|---|
![]() လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော် | |
တရားဝင်အမည် | Leshan Giant Buddha Scenic Area |
တည်နေရာ | စီချွမ်ပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ |
ရွေးချယ်သည့် စံနှုန်း | ယဉ်ကျေးမှု နှင့် သဘာဝ: (iv)(vi)(x) |
ရည်ညွှန်း | 779 |
ကိုဩဒိနိတ် | 29°32′41″N 103°46′24″E |
ပိတ်ရန်
အော်မေတောင် သဘာဝနေရာသည် လဲ့ဆန်းရုပ်ပွားတော် ရှိသည့် နေရာဖြစ်သည်။ ထိုနေရာကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ၁၉၉၆ ခုနှစ်ကတည်းက သတ်မှတ်ခဲ့သည်။[3]