![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/e/e8/Li_Ka_Shing.jpg/640px-Li_Ka_Shing.jpg&w=640&q=50)
လီကာ-ရှင်း
From Wikipedia, the free encyclopedia
တမ်းပလိတ်:Family name hatnote
လီကာ-ရှင်း | |
---|---|
![]() |
|
မွေးသက္ကရာဇ် | ဇူလိုင် ၂၉၊ ၁၉၂၈ ချောင်ရူ၊ ကွမ်တုံ၊ တရုတ် |
နိုင်ငံသား | ကနေဒါ |
ပညာရေး | အထက်တန်းနှင့် ကျောင်းထွက်ခဲ့ |
အလုပ်အကိုင် | Cheung Kong Holdings, Hutchison Whampoa နှင့် Li Ka Shing Foundation တို့၏ ဥက္ကဋ္ဌ |
ကြင်ဖော် | ချောင်းယုမင် (ကွယ်လွန်) |
သားသမီး | ၂ယောက် |
ဝက်ဘ်ဆိုက် | http://www.ckh.com.hk/eng
http://www.Hutchison-whampoa.com http://www.lksf.org |
ဆာ လီကာရှင်း (တရုတ်: 李嘉誠) (၁၉၂၈၊ ဇူလိုင် ၂၉ရက်နေ့တွင်မွေးဖွား) သည်ဟောင်ကောင်မှ ချမ်းသာသောစီးပွားရေး လုပ်ငန်းရှင် ဖြစ်ပြီး ခန့်မှန်းကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၁.၃ ဘီလျံဖြင့် ကမ္ဘာ့၁၄ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ လတ်တလောတွင် သူသည် ဟတ်ချီဆင် ဝှမ်ပွား လီမိတက် (Hutchison Whampoa Limited) HWL နှင့် ချောင်ကောင်း ဟိုးလ်ဒင်းတို့၏ နာယကဖြစ်သည်။ ထိုကုမ္ပဏီများသည် သူ့အား ကမ္ဘာ့အကြီးဆုံး ကုန်သတ်တာသိုလှောင်ရေးလုပ်ငန်းနှင့် ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးနှင့် အလှကုန်ပစ်စည်း လက်လီရောင်းချရေးလုပ်ငန်းများကို ဦးဆောင်သူဖြစ်လာစေခဲ့သည်။
အေးရှားဝိခ်မဂ္ဂဇင်းမှ ၂၀၀၁ခုနှစ် အာရှ၏ ဩဇာအညောင်းဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့သည်။ ဟောင်ကောင် စတော့ရှယ်ယာအိပ်စ်ချိန်း၏ ထိပ်သီးရှယ်ယာ ဈေးကွက်၁၅%ကို သူ၏ကုမ္ပဏီမှ ရယူနိုင်ခဲ့သည်။
၂၀၀၆ခုနှစ် စက်တင်ဘာလ ၅ရက်နေ့တွင် ဖော့ဘ်စ်မဂ်ဂဇင်းနှင့် ဖော့ဘ်စ်မိသားစုတို့မှ လီကာရှင်းကို ပထမဆုံးအကြိမ်ချီးမြှင့်သော“မလ်ကွန်မ် အက်စ် ဖော့ဘ်စ် ဘဝတစ်သက်တာအောင်မြင်မှုဆု” ကို ပေးအပ်ခဲ့သည်။ သူသည်ကြွယ်ဝချမ်းသာသော်လည်း ပကာသနမဖက်သော ဘဝကို ခုံမင်သူဖြစ်သည်။ ရိုးရိုးဖိနပ်အနက်ရောင်နှင့် ဈေးသက်သာသော ဆီကိုနာရီ ကိုသာဝတ်ဆင်လေ့ရှိရာ ဟောင်ကောင် ဒီးပ်ဝါးတားဘေး(deep waterbay) ရှိ သူပိုင်ဆိုင်သော အိမ်ကြီးအိမ်ကောင်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ထို့ပြင် လီသည်ချို့တဲ့သူများအဖွဲ့အစည်းနှင့် အခြားသောပရဟိတလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ ၁၄၁ဘီလျံခန့် လှူဒါန်းခဲ့ရာ သူ့အားအာရှ၏အရက်ရောဆုံးပုဂ္ဂိုလ်အဖြစ်လည်း လေးစားကြသည်။
သူ၏စီးပွားရေးကျွမ်းကျင်မှုနှင့် အမြော်အမြင်ရှိမှုတို့ကို အစွဲပြု၍သူ့အား ဟောင်ကောင်တွင် "စူပါမင်း" ဟုပင်တင်စားခေါ်ဝေါ်ကြသည်။ ဟောင်ကောင်နိုင်ငံရှိ သူ၏စီးပွားဖက်များမှာ Henderson Land Development မှ လီရှုကီး (Lee Shau Kee)၊ New World Development မှ ချန်ယူတန်း (Cheng Yu-tung)၊ ကာစီနိုနှင့် အိမ်ခြံမြေသူဌေး စတန်လီဟို (Stanley Ho)၊ Sun Haung Kai အိမ်ခြံမြေမှ ကွတ်(Kwok) မိသားစု နှင့် ဟင်နရီဖွတ်ရင်တန်း (Henery Fok Ying-tung) တို့ဖြစ်ကြသည်။