လခြမ်းရပ်ဝန်းဒေသ
အရှေ့အလယ်ပိုင်းရှိ လခြမ်းပုံစံရှိသော ပထဝီဆိုင်ရာနယ်မြေဒေသ / From Wikipedia, the free encyclopedia
လခြမ်းရပ်ဝန်းဒေသသည် အရှေ့အလယ်ပိုင်းဒေသရှိ လခြမ်းပုံစံရှိသော နယ်မြေတခုဖြစ်ပြီး ယနေ့ခေတ် အီရတ်နိုင်ငံ၊ အစ္စရေးနိုင်ငံ၊ ဂျော်ဒန်နိုင်ငံ၊ လက်ဘနွန်နိုင်ငံ၊ ပါလက်စတိုင်းနိုင်ငံ၊ ဆီးရီးယားနိုင်ငံ၊ မြောက်ပိုင်း ကူဝိတ်နိုင်ငံ၊ အရှ့တောင်ပိုင်း တူရကီနိုင်ငံနှင့် အနောက်ပိုင်း အီရန်နိုင်ငံအထိ နယ်နမိတ် ကျယ်ပြန့်သည်။[1][2] အချို့ စာရေးဆရာများက ဆိုက်ပရပ်စ်နိုင်ငံနှင့် မြောက်ပိုင်း အီဂျစ်နိုင်ငံလည်း ပါဝင်သည်ဟုဆိုကြသည်။[3][4]
လခြမ်းရပ်ဝန်းဒေသသည် သဘာဝအတိုင်းပေါက်ရောက်သော သီးနှံပင်များကို ယနေ့ခေတ်စားသုံးကြသော သီးနှံပင်များအဖြစ် အသွင်ပြောင်း စိုက်ပျိုးခဲ့သော ပထမဆုံးဒေသတခုအဖြစ် လူသိများသည်။ အစောပိုင်း လူ့ယဉ်ကျေးမှု အဖွဲ့အစည်းများဖြစ်ကြသော ဆူမားရီးယန်း၊ မက်ဆိုပိုတေးမီးယားတို့သည် ရလဒ်အဖြစ် ထွန်းကားလာခဲ့သည်။[5] နည်းပညာရပ်ဆိုင်ရာ ထွန်းကားမှုအဖြစ် စိုက်ပျိုးမွေးမြူရေးရှိ ဆည်မြောင်းဖောက်လုပ်ခြင်း၊ စာရေးခြင်း၊ ဘီးများ အသုံးပြုခြင်း၊ ဖန် ပြုလုပ်ခြင်း စသည်တို့သည် မက်ဆိုပိုတေးမီးယားတွင် စတင်ထွန်းကားခဲ့သည်။