အဆိုတော်နှင့် သရုပ်ဆောင် From Wikipedia, the free encyclopedia
ရဲရင့်အောင် (အင်္ဂလိပ်: Yair Yint Aung (၁၈ ဩဂုတ် ၁၉၉၃ မွေးဖွား) သည် မြန်မာနိုင်ငံသား အဆိုတော်နှင့် သရုပ်ဆောင် တစ်ဦး ဖြစ်သည်။
ရဲရင့်အောင် | |
---|---|
အမည်ရင်း | ရဲရင့်အောင် |
မွေးဖွား | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | ၁၈ ဩဂုတ်၊ ၁၉၉၃
ဂီတဟန် | Pop, R&B,ဟစ်ဟော့ |
အလုပ်အကိုင် | တေးရေး၊ တေးဆို၊ သရုပ်ဆောင် |
တက်ကြွသည့်နှစ်များ | ၂၀၁၁- လက်ရှိ |
၂၀၁၄ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် သူ၏ ပထမဆုံး ခြေလှမ်းဖြစ်သော ချေ အယ်လ်ဘမ် ထွက်ရှိခဲ့သည်။ ဤ အယ်လ်ဘမ်သည် သူ့ကို ဂီတလမ်းကြောင်းပေါ် ရပ်တည်နိုင်ရန် အများကြီး အထောက်အကူပြုခဲ့သည်။[1] [2] [3]
၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၅ရက်တွင် သူ၏ ချေ Mtv Music Video Dvd Karaoke Promotion ပွဲကို ရန်ကုန်မြို့ ရှိ Dagon Center Outdoor Area မှာ ကျင်းပပြုလုပ်ခဲ့သည်။ [4]
သူသည် အကယ်ဒမီ ဖွေးဖွေး၊ လွှမ်းပိုင် တို့နှင့်အတူ ဒါရိုက်တာ ဝင်းလွင်ထက်၊ ဒါရိုက်တာ အောင်ဇော်လင်း တို့ရိုက်ကူးထားသော ငါ့ကိုနမ်းတဲ့မုန်တိုင်း ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။[5][6]
သူသည် မြန်မာနိုင်ငံရှိ ထိပ်တန်း သရုပ်ဆောင် မင်းသား မင်းသမီးများ ဖြစ်ကြသော အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ လူမင်း၊ အကယ်ဒမီ ရန်အောင် တို့အပါအဝင် အခြားသောနာမည်ကြီး သရုပ်ဆောင် များစွာ ပါဝင်သရုပ်ထားသော ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးထားသည့် ဂျင်ပါတီ ရုပ်ရှင်ဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင် ထားသည်။[7][8][9]
သူသည် ဒါရိုက်တာ သားညီ ရိုက်ကူးသော ဟဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွင်သင်ဇာနွယ်ဝင်း နှင့်အတူတူပါဝင် သရုပ်ဆောင်ခဲ့သည်။[10]
သူသည် သရုပ်ဆောင် အေငြိမ်းဖြူနှင့် ချစ်ကြိုက်နေသည်။[11]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.