ရစ်သမ် အန် ဘလူးစ် (rhythm and blues) ဆိုသည်မှာ ၁၉၄၀ ပြည့်လွန်နှစ် ကာလများအတွင်း အာဖရိကနွယ်ဖွား အမေရိကန်များအကြား စတင်ပေါက်ဖွားကာ နောက်ပိုင်းတွင် ကမ္ဘာတဝန်း ရေပန်းစားလာသည့် ခေတ်ပေါ်တေးဂီတ ဟန်တစ်မျိုးဖြစ်သည်။ အတိုကောက်အားဖြင့် အာရ်အန်ဘီ (R&B) ဟု အခေါ်များသည်။ [1] ထိုခေတ်ထိုအခါက မြို့ပြနေ အာဖရိကနွယ်ဖွား အမေရိကန်များအကြား လူကြိုက်များသည့် ‘အာဘိန်း (urbane)၊ ရော့ခင်း (rocking)၊ ဂျက်ဇ် (jazz) ဂီတ’ များကိုအရင်းခံကာ အဆက်မပြတ်သည့် စည်းချက်ပြင်းပြင်းများပါဝင်သော ဂီတဟန်သစ်တစ်မျိုးကို ဖော်ပြရန်အတွက် တေးသံသွင်းကုမ္ပဏီများက ‘ရစ်သမ် အန် ဘလူးစ်’ ဆိုသည့် ဝေါဟာရကို စတင် အသုံးပြုခဲ့သည်။ [2]


R&B စကားစုသည် ကာလရွေ့လျော၍ အဓိပ္ပာယ်သတ်မှတ်ချက် ပြောင်းလဲမှုထဲတွင် တစ်ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ၁၉၅၀ ခုနှစ်နောက်ပိုင်းနှင့် အစောပိုင်းတွင် Rhythum and Blues ကို Blues တေးဂီတ အသံသွင်း ကဏ္ဍအတွက် မကြာခဏ အသုံးချခဲ့ကြသည်။ ၁၉၅၀ အစပိုင်း၌ R&B၏ ဂီတ စတိုင်လ်သည် Rock "N" Roll တေးဂီတ ဖွံ့ဖြိုးရန်အတွက် အရင်းအမြစ်ဖြစ်သည်။

R&Bတေးဂီတသည် အီလက်ထရစ် Blue( gospel, soul musicsကဲ့သို့သော)ဂီတပုံစံများ ပေါင်းစပ်ပါဝင်ခဲ့သည်။ ၎င်းမှ ဖွံ့ဖြိုးတိုးတက်လာကာ ၎င်းဂီတကို ရည်ညွှန်းရန် အတွက် အသုံးပြုလာခဲ့သည်။ ၁၉၇၀ခုနှစ်တွင် R&B သည် Funk နှင့် Soulတေးအမျိုးအစား အတွက် ခြုံငုံပြောဆို သုံးနှုံးလာကြသည်။ ၁၉၈၀ ခုနှစ်တွင် R&B ၏ စတိုင်လ်အသစ်ဖြစ်ပြီး Contemporary R&B ဟု လူသိများသော တေးဂီတ တစ်ခုပုံစံအဖြစ်သို့ ဖွံ့ဖြိုးလာခဲ့သည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.