![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/7/7f/Ru%25C5%25A1tina_ve_sv%25C4%259Bt%25C4%259B.svg/langmy-640px-Ru%25C5%25A1tina_ve_sv%25C4%259Bt%25C4%259B.svg.png&w=640&q=50)
ရုရှားဘာသာစကား
From Wikipedia, the free encyclopedia
ရုရှားဘာသာသည် ဆလပ်ဗ်ဘာသာစကား ဖြစ်သည်။ ရုရှားဘာသာကို ရုရှားနိုင်ငံ၊ ဘီလာရုဇ်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ နှင့် ကာဇက်စတန်နိုင်ငံတို့တွင် အဓိကအားဖြင့် ပြောဆိုကြသည်။ ယူကရိန်းနိုင်ငံ၊ မော်လ်ဒိုဗာနိုင်ငံ၊ လတ်ဗီယာနိုင်ငံ၊ လစ်သူယေးနီးယားနိုင်ငံ၊ အက်စ်တိုးနီးယားနိုင်ငံ နှင့် ဆိုဗီယက်ပြည်ထောင်စုတွင် ယခင်က ပါဝင်ခဲ့ဖူးသည့် နိုင်ငံများတွင် ရုရှားဘာသာစကားကို တရားဝင်မဟုတ်သော်လည်း ကျယ်ပြန့်စွာ ပြောဆိုလျက်ရှိသည်။.[1][2] ရုရှားဘာသာသည် အင်ဒို-ဥရောပ ဘာသာစကားမိသားစုတွင် ပါဝင်သည့် ဘာသာစကားတစ်ခုဖြစ်ပြီး လက်ရှိပြောဆိုလျက်ရှိသော အရှေ့ဆလပ်ဗ်ဘာသာစကားသုံးခုအနက်မှ တစ်ခုလည်း ဖြစ်သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/7/7f/Ru%C5%A1tina_ve_sv%C4%9Bt%C4%9B.svg/320px-Ru%C5%A1tina_ve_sv%C4%9Bt%C4%9B.svg.png)
ရုရှားနိုင်ငံ၊ ယူကရိန်းနိုင်ငံ၊ နှင့် ဘီလာရုဇ်နိုင်ငံ တို့တွင် ရုရှားဘာသာစကားကို မိခင်ဘာသာစကားအဖြစ် ပြောဆိုသော လူဦးရေ ၁၄၄ သန်းရှိသည်။ ရုရှားဘာသာသည် ၇ခုမြောက် လူပြောအများဆုံးဘာသာစကားတစ်ခု[3] ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ တရားဝင် ရုံးသုံးဘာသာစကား၆ခုအနက်မှ တစ်ခုလည်း ဖြစ်သည်။