ယူနီဆက်(ဖ်)
From Wikipedia, the free encyclopedia
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF-United Nations Children's Fund) (သို့မဟုတ် ယူနီဆက်(ဖ်): အသံထွက်/ˈjuːnɨsɛf/) ကို ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေ ညီလာခံမှ ဒုတိယကမ္ဘာစစ်အတွင်းက အကြီးအကျယ် ပျက်စီးခဲ့သော နိုင်ငံများရှိ ကလေးများအတွက် အရေးပေါ် အစားအစာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းခဲ့သည်။ ယူနီဆက်သည် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ ကြီးကြပ်မှုကို ခံယူကာ လုပ်ငန်းများကို ဆောင်ရွက်ရသည်။ ယူနီဆက်သည် အကူအညီ လိုအပ်လျက်ရှိသော ကလေးသူငယ်များအား လူမျိုးဘာသာမရွေး၊ နိုင်ငံသားမရွေး၊ နိုင်ငံရေးခံယူချက်မရွေး ကူညီထောက်ပံ့လျက်ရှိ၏။ ထိုသို့ ကူညီထောက်ပံ့ရာတွင် သက်ဆိုင်ရာနိုင်ငံအစိုးရ၏ မေတ္တာရပ်ခံချက်အရသာ ထောက်ပံ့ခြင်းဖြစ်၏။ ယူနီဆက်၏ ဘဏ္ဍရေးမှာ အစိုးရနှင့် ပုဂ္ဂလိကများ၏ စေတနာအလျောက် ထည့်ဝင် လှူဒါန်းငွေပေါ်တွင် အမှီပြုထားသည်။ ၁၉၅၃ ခုနှစ်တွင် ယူနီဆက်(ဖ်)သည် ကုလသမဂ္ဂစနစ်၏ အမြဲတမ်းအစိတ်အပိုင်း တစ်ခုအဖြစ်နှင့် ယင်း၏ အမည်သည် မူရင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့ (United Nations International Children's Emergency Fund)မှ အတိုချုန်း၍ ဖြစ်ပေါ် လာခဲ့သည်။ သို့ရာတွင် ၎င်းသည် ယင်းအမည်ဟောင်းပေါ်တွင် အခြေခံ၍ ထင်ရှားကျော်ကြားသော ပထမစာလုံးများ ဖြင့် ဆက်လက်၍ သိရှိလာခဲ့ကြသည်။ နယူးယောက်မြို့ တွင် ရုံးချုပ်တည်ရှိပြီး၊ ယူနီဆက်(ဖ်) သည် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကလေးများနှင့် မိခင်များအတွက် လူသားချင်း စာနာထောက်ထားခြင်းနှင့် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အကူအညီများကို နှစ်ရှည် ထောက်ပံ့ပေးခဲ့သည်။
ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ United Nations Children's Fund(အင်္ဂလိပ်) صندوق الأمم المتحدة للطفولة(အာရပ်) Fonds des Nations unies pour l'enfance(ပြင်သစ်) Детский фонд Организации Объединённых Наций(ရုရှား) Fondo de Naciones Unidas para la Infancia(စပိန်) 聯合國國際兒童基金會(တရုတ်) | |
အတိုကောက် | UNICEF |
---|---|
ဖွဲ့စည်းခြင်း | ဒီဇင်ဘာ ၁၉၄၆ |
အမျိုးအစား | ရန်ပုံငွေအဖွဲ့ |
တရားဝင်အနေအထား | ရှင်သန်ဆဲ |
ဌာနချုပ် | နယူးယောက်မြို့ |
အကြီးအကဲ | Anthony Lake |
မိခင်အဖွဲ့အစည်း | United Nations Economic and Social Council |
ဝက်ဘ်ဆိုဒ် | http://www.unicef.org |