ယင်လပ် ရှင်နာဝပ်
ထိုင်းနိုင်ငံ၏ ယခင်ဝန်ကြီးချုပ် / From Wikipedia, the free encyclopedia
ယင်လပ် ရှင်နာဝပ် (အင်္ဂလိပ်: Yingluck Shinawatra; ထိုင်း: ยิ่งลักษณ์ ชินวัตร) သည် ထိုင်းနိုင်ငံမှ အမျိုးသမီးနိုင်ငံရေး သမားတစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ထိုင်းနိုင်ငံ၏ ၂၈ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာသည်။ ယခင်က စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်သည်။ သူမသည် ထိုင်းနိုင်ငံ၏ ပထမဦးဆုံးသော အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်သည်။ ၂၀၁၄ ခုနှစ် မေလ ၇ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ဝန်ကြီးချုပ်နေရာမှ ဖယ်ရှားခဲ့သည်။ နိုင်ငံတော်အာဏာကို စစ်တပ်မှ သိမ်းယူခဲ့သည်။ ထို့ကြောင့် ဖြူထိုင်းပါတီမှ ဝန်ကြီးချုပ်ရာထူး ဖယ်ရှားခံရသော တတိယမြောက်ဝန်ကြီးချုပ် ဖြစ်လာသည်။
ယင်လပ် ရှင်နာဝပ် ยิ่งลักษณ์ ชินวัตร | |
---|---|
ထိုင်းနိုင်ငံ၏ ၂၈ယောက်မြောက် ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၅ ဩဂုတ် ၂၀၁၁ – ၇ မေ ၂၀၁၄ | |
ဧကရာဇ် | ဘူမိဗလအတုလျတေဇ |
ယခင်လူ | အဘီစစ် ဝိဇ္ဇာဇီဝ |
ဆက်ခံသူ | ဘွန်ဆိုင်ပန်ဆင် (ယာယီ) ပရာယွတ်ချန်အိုချာ |
ကာကွယ်ရေးဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ ဇွန် ၂၀၁၃ – ၇ မေ ၂၀၁၄ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1967-06-21) ၂၁ ဇွန်၊ ၁၉၆၇ (အသက် ၅၇) ချင်းမိုင် |
လူမျိုး | ထိုင်း |
နိုင်ငံရေးပါတီ | ဖြူထိုင်းပါတီ |
နေထိုင်ရာ | ဘန်ကောက် |
မိခင်ကျောင်း | ချင်းမိုင်တက္ကသိုလ် ကင်တပ်ကီ ပြည်နယ် တက္ကသိုလ် |
လက်မှတ် |
ချင်းမိုင်မြို့တွင် မွေးဖွားပြီး ချင်းမိုင်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ် တက္ကသိုလ်မှ မဟာဘွဲ့ကို ရရှိခဲ့ကာ ရိုးရိုးဘွဲ့နှင့် မဟာဘွဲ့ နှစ်ခုစလုံးအတွက် အထူးပြုသည့် ဘာသာမှာ အများပြည်သူဆိုင်ရာ စီမံခန့်ခွဲ့ရေး ဘာသာရပ် ဖြစ်သည်။ ယင်လပ်သည် အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ စီးပွားရေး လုပ်ငန်းတွင် အမှုဆောင် ဝန်ထမ်းတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆယ်စုနှစ် နှစ်ခု အတွင်းတွင် အိုးအိမ် ကုမ္ပဏီ အက်စ်စီ အဆက် (SC Asset) ၏ ဥက္ကဋ္ဌ အဖြစ်နှင့် ထိုင်းနိုင်ငံ၏ အကြီးဆုံး မိုဘိုင်းဖုန်း ဝန်ဆောင်မှု ကုမ္ပဏီဖြစ်သော အက်ဒ်ဗန့် အင်ဖိုဆားဗစ်စ် ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဖြစ်လာခဲ့သည်။ ထိုအချိန် အတွင်းမှာပင် သူမ၏ အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်သည် စစ်အာဏာသိမ်းမှုကြောင့် ရာထူးမှ ဖယ်ရှားခြင်း ခံရသည်။ ထို့ပြင် တရားရုံးမှ အာဏာအလွဲသုံးစားမှုဖြင့် အပြစ်ရှိကြောင်း စီရင်ချက် ချသော အခါတွင် ပြည်ပတွင် တိမ်းရှောင်နေခဲ့သည်။
၂၀၁၁ မေလတွင် သက်ဆင် နှင့် နီးစပ်သော ပါတီတစ်ခုဖြစ်သည့် ပွေ့ထိုင်း ပါတီ (Pheu Thai) က ယင်လပ်အား ၂၀၁၁ ထိုင်းရွေးကောက်ပွဲတွင် ၎င်းတို့ပါတီအား ကိုယ်စားပြု၍ ဝန်ကြီးချုပ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမည့်သူဖြစ်ကြောင်း ကြေညာခဲ့သည်။ ပွေ့ထိုင်းပါတီက လွှတ်တော် ရာထူး နေရာ ၅၀၀ တွင် ၂၆၃ နေရာ အနိုင်ရခဲ့ပြီးနောက် ယင်လပ်သည် ထိုင်းနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာမည့်သူ ဖြစ်သည်။ ရွေးကောက်ပွဲတွင် အနိုင်ရချိန်၌ သူမ၏ နိုင်ငံရေးလှုပ်ရှားမှု သက်တမ်းမှာ သီတင်း ၆ ပတ်မျှသာရှိသေးသည်။