From Wikipedia, the free encyclopedia
ချင်းမိုင်တက္ကသိုလ် (ထိုင်း: มหาวิทยาลัยเชียงใหม่; - မဟာဝိဒျာလယ်ချေီယင်ဟ္မိုင်) သည် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင်ရှိသည်။ မြန်မာတို့က ချင်းမိုင်ကို ဇင်းမယ်အဖြစ်သိကြသည်။ ၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလတွင် ထိုင်းဘုရင် ဘူမိဗလ် အဒုလျဒေ့ကျ်၏ တော်ဝင်ချာတာ (Royal Charter) ခွင့်ပြုချက်ဖြင့် စတင်တည်ထောင်သည်။ အတိုကောက်အားဖြင့် CMU, ဒေသအခေါ်အားဖြင့် အတိုကောက် “မောချော (ထိုင်း: มช.; Mor Chor)” ဟု တွင်သော ချင်းမိုင်တက္ကသိုလ်သည် တိုင်းရင်းသားလူမျိုးများအခြေချနေထိုင်သော ထိုင်းနိုင်ငံမြောက်ပိုင်း၌ ပထမဆုံးသော အဆင့်မြင့်ပညာရေးအဖွဲ့အစည်းဖြစ်ပြီး၊ ထိုင်းနိုင်ငံ၏ ပထမဆုံးသော ခရိုင်တက္ကသိုလ်လည်းဖြစ်သည်။
ချင်းမိုင်တက္ကသိုလ်(ဇင်းမယ်တက္ကသိုလ်) | |
Chiang Mai University
ဇင်းမယ် တက္ကသိုလ် |
|
มหาวิทยาลัยเชียงใหม่ (မဟာဝိဒျာလယ်ချေီယင်ဟ္မိုင်) |
|
အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ | |
The Wise Control Themselves | |
Attānaṃ Damayanti Paṇḍitā | |
![]() |
|
တည်ထောင်ခုနှစ် | ၁၉၆၄ |
ပါမောက္ခချုပ် | အဿိုစိအေတ် ပါမောက္ခ နိဝေစ် နန္တချိတ်, အမ်.ဒီ. |
တည်နေရာ | ထိုင်းနိုင်ငံ ဇင်းမယ်မြို့ |
အထိမ်းအမှတ်အရောင် | ခရမ်း |
ဝဘ်ဆိုတ် | cmu.ac.th |
စတင်ဖွင့်လှစ်ခါစ၌ မူလအားဖြင့် မဟာဌာနကြီး သုံးခုရှိသည်။ သိပ္ပံ၊ လူမှုသိပ္ပံနှင့် လူမှုရေးဘာသာရပ်ဌာနတို့ဖြစ်သည်။ ယနေ့ခေတ်၏ လိုအပ်ချက်၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှု (ဥပမာ - CDCE)၊ ကျောင်းသားများ၏ စိတ်ဝင်စားလျှောက်ထားမှု (ဥပမာ - နာနိုသိပ္ပံ) တို့အရ ဌာနများတို့ချဲ့သည်။ ယနေ့ခေတ် CMU တွင် ဌာနခွဲပေါင်း ၁၀၇ ခုပါဝင်သော မဟာဌာန ၁၇ ခု နှင့် Graduate School ရှိသည်။ လျှောက်ထားနိုင်သော ပရိုဂရမ်ပေါင်း ၂၅၃ ခုရှိသည်။ Certificate ပရိုဂရမ် ၂ ခု၊ ရိုးရိုးဘွဲ့တန်း ၈၇ ခု၊ ဘွဲ့လွန်နှင့် ဘွဲ့လွန်ဒီပလိုမာ ၁၆၃ ခုရှိပြီး ကျောင်းသားကျောင်းသူပေါင်း ၂၅,ဝ၀ဝ ကျော်ရှိသည်။ ထို့ပြင် နိုင်ငံတာကျောင်းသားများအတွက် အင်္ဂလိပ်ဘာသာဖြင့်သင်ကြားသော ရိုးရိုးဘွဲ့တန်း ၂ ခုနှင့် မဟာနှင့် ပါရဂူတန်း ၁၈ ခုရှိသည်။ နိုင်ငံတကာတန်းများသည် လူမှုသိပ္ပံ၊ ကျန်းမာရေးသိပ္ပံနှင့် သိပ္ပံနှင့်နည်းပညာဌာနများ၌ ရှိသည်။
နိုင်ငံတကာ၊ ဌာနဆိုင်ရာနှင့် ဌာနခွဲဆိုင်ရာအားဖြင့် CMU သည် ၂၇ နိုင်ငံမှ တက္ကသိုလ်၊ အင်စတီကျု၊ နိုင်ငံတကာ အဖွဲ့များနှင့် ပူးတွဲဆောင်ရွက်မှု၊ နားလည်မှုစာချွန်ရေးထိုးထားမှု ၁၄၆ ခုရှိသည်။ ယင်းသဘောတူညီချက်၊ ပူးပေါင်းဆောင်ရွက်မှုများတွင် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကျမ်းကြီးကြပ်မှု၊ ပရောဂျက်အတိုင်ပင်ခံ၊ ပူးတွဲသုတေသန၊ ဆရာနှင့် ကျောင်းသား အပြန်အလှန်ဆက်သွယ်လုပ်ကိုင်မှု၊ ပူးတွဲ ဆယ်မီနာကျင်းပခြင်းနှင့် သတင်းအချက်အလက်ဖလှယ်ခြင်းတို့ အကျုံးဝင်သည်။
![]() | ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
Seamless Wikipedia browsing. On steroids.