![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/d/da/Cardinal.jpg/640px-Cardinal.jpg&w=640&q=50)
မြောက်ပိုင်းကာဒင်နယ်ငှက်
From Wikipedia, the free encyclopedia
မြောက်ပိုင်းကာဒင်နယ်ငှက် (Cardinalis cardinalis) သည် မြောက်အမေရိကငှက် ဖြစ်သည်။ ထိုငှက်မျိုးကို ကနေဒါနိုင်ငံတောင်ပိုင်း၊ အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်း၊ မက္ကဆီကိုနိုင်ငံ၊ ဂွာတီမာလာနိုင်ငံနှင့် ဘလိဇ်နိုင်ငံ တို့တွင် တွေ့ရသည်။ မြောက်ပိုင်းကာဒင်နယ်ငှက်သည် အလျား ၈ ၃/၄ လက်မခန့်သာရှိ၍ သေးငယ်သောငှက်ဖြစ်၏။ ပုံပန်းကျန၍ အတောင်များမှာ လှပသည်။ အသံမှာလည်း သာယာချိုအေး၍ တေးကို ကောင်းစွာ သီဆိုနိုင်သည်။
အချက်တိုများ Cardinalis cardinalis, ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...
Cardinalis cardinalis | |
---|---|
![]() | |
Male in Kentucky, United States | |
![]() | |
Female in New York, United States | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Passeriformes |
မျိုးရင်း: | Cardinalidae |
မျိုးစု: | Cardinalis |
မျိုးစိတ်: | C. cardinalis |
ဒွိနာမ | |
Cardinalis cardinalis | |
မျိုးစိတ်ခွဲများ | |
19 subspecies, see text | |
![]() | |
Approximate distribution map
Year-round | |
Synonyms | |
|
ပိတ်ရန်
မြောက်ပိုင်းကာဒင်နယ်ငှက်မများတွင်လည်း အမောက်ရှိ၍ နူးညံ့သော အမွှေးအတောင်များရှိသည်။ တေးဆိုရာ၌ ငှက်ဖိုများကဲ့သို့ပင် ချိုလွင်စွာ ဆိုနိုင်လေသည်။ အမြဲစိမ်းသစ်ပင်များ၌ အသိုက်လုပ် လေ့ရှိသည်။ တစ်မြုံလျှင် ဥနှစ်လုံးမှ လေးလုံးအထိ ရှိတတ် သည်။ ဥ၏အရောင်မှာ အညိုရောင် ထနေလေသည်။[2]