မြန်မာ့ အနုပညာ
From Wikipedia, the free encyclopedia
မြန်မာ့အနုပညာဆိုသည်မှာ မြန်မာတို့ ဖန်တီးထားသော အနုပညာလက်ရာများကို ဆိုလိုသည်။ အနုပညာဟုဆိုရာ၌ ဘုရား၊ ကျောင်း၊ ကန်၊ တိုက်တာအဆောက်အဦးများရှိ လက်မှုအတတ်ပညာများ၊ ပန်းချီ၊ ပန်းပု၊ စာပေဂီတ၊ အက စသည့် အနုပညာများလည်း ပါဝင်သည်။ ၁၄၀၀ စီအီးကပင် အနုပညာရှင်များက မြန်မာ့ယဉ်ကျေးမှုကို ထင်ဟပ်စေမည့် ပန်းချီ၊ ပန်းပုလက်ရာများကို ဖန်တီးခဲ့ကြသည်။[1] မြန်မာ့အနုပညာများသည် ဗုဒ္ဓဘာသာ အမှတ်အသားများဟုဆိုနိုင်သည့် မုဒြာ၊ ဇာတက စသည်တို့ကို များစွာ ဖန်တီးထားသည်။ ထို့အပြင် ဟိန္ဒူ၊ စကြဝဠာဆိုင်ရာ၊ နတ် စသည်တို့ကို အခြေခံသော အနုပညာများစွာလည်း ရှိသည်။[2] ဗုဒ္ဓရုပ်ပွားတော်များမှာ ခေတ်အလိုက်ကွဲပြားမှုများရှိသည်။[3]
မြန်မာ့အနုပညာတွင် အရေးပါလှသော ပန်း(၁၀)မျိုးအတတ်ပညာ ရှိပေသည်။ကြီးသောအိမ် [4] ၎င်းတို့မှာ -
- ပန်းပဲ
- ပန်းပု
- ပန်းထိမ်
- ပန်းတော့
- ပန်းရန်
- ပန်းတမော့
- ပန်းပွတ်
- ပန်းချီ
- ပန်းယွန်း
- ပန်းတဉ်း
ဟူ၍ ဖြစ်သည်။
နောက်ထပ်အားဖြင့် ရက်ကန်းယက်ခြင်း၊ အိုးလုပ်ခြင်း၊ ရွှေချည်ထိုးခြင်း၊ ကျောက်သွေးခြင်း၊ ရွှေပြားခတ်ခြင်း စသည်တို့မှာလည်း တန်ဖိုးရှိလှသော အနုပညာအမွေများ ဖြစ်သည်။ အဆောက်အဦး၊ ဘုရား၊ ကျောင်း၊ကန်များတွင် အုတ်နှင့်အင်္ဂတေကို အဓိကသုံး၍ ဘုရားများကို ရွှေချထားသည်။ ဘုန်းကြီးကျောင်းအများစုကို သစ်သားများဖြင့် ဆောက်လုပ်သည်။ အချို့ဘုန်းကြီးကျောင်းများ (ဥပမာ-မန္တလေးမြို့ရှိ ယောမင်းကြီးအုတ်ကျောင်း)မှာ အခြားပစ္စည်းများပါ ပါဝင်ဆောက်လုပ်သည်။ အများဆုံးတွေ့နိုင်သော အမိုးမှာ ပြာသာဒ်ဖြစ်သည်။