မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး နယ်မြေဒေသများ
From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ ကို အောက်ပါအတိုင်း အုပ်ချုပ်ရေးနယ်မြေဒေသ ၂၁ ခုအဖြစ် ခွဲခြားနိုင်သည်။
အမျိုးအစား | အင်္ဂလိပ်အခေါ်အဝေါ် | အရေအတွက် |
---|---|---|
ပြည်နယ် | State | ၇ |
တိုင်းဒေသကြီး | Region (ယခင်: Division) | ၇ |
ပြည်ထောင်စုနယ်မြေ | Union Territory | ၁ |
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ | Self-Administered Zone | ၅ |
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း | Self-Administered Division | ၁ |
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများ | |
---|---|
အခြားအမည်: Administrative divisions of Myanmar | |
အမျိုးအစား | ပြည်ထောင်စုစနစ် |
တည်နေရာ | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် |
အရေအတွက် | တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခု၊ ပြည်ထောင်စုနယ်မြေ ၁ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခု (၂၀၁၅ အရ) |
လူဦးရေ | ၂၈၆,၆၂၇ (ကယားပြည်နယ်) - ၇,၃၆၀,၇၀၃ (ရန်ကုန်တိုင်းဒေသကြီး) |
ဧရိယာ | ၇,၀၅၄ စတုရန်း ကီလိုမီတာ (၂,၇၂၄ စတုရန်းမိုင်) (နေပြည်တော် ပြည်ထောင်စုနယ်မြေ) - ၁၅၅,၈၀၁ စတုရန်း ကီလိုမီတာ (၆၀,၁၅၅ စတုရန်းမိုင်) (ရှမ်းပြည်နယ်) |
အစိုးရ | မြန်မာနိုင်ငံတော်အစိုးရ |
နယ်မြေဒေသအခွဲများ | ခရိုင် မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကျေးရွာ |
တိုင်းဒေသကြီးများမှာ ၂၀၁၀ ဩဂုတ်လတွင် ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။[1] စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများမှလွဲ၍ ကျန်တိုင်းဒေသကြီးလေးခုမှာ မြို့တော်များ၏ အမည်များအတိုင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေအများဆုံးနေထိုင်သည့် ဒေသဖြစ်ကာ ကယားပြည်နယ်မှာ လူဦးရေအနည်းဆုံးနေထိုင်ရာ ဒေသဖြစ်သည်။ ကုန်းမြေဧရိယာအရ ရှမ်းပြည်နယ်မှာ အကြီးဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ဧရိယာအသေးဆုံးဖြစ်သည်။ ရှမ်းပြည်နယ်သည် (၆၁၀၉၀)စ/မိုင် ကျယ်ဝန်းပြီး ဒုတိယ အကျယ်ဆုံး တိုင်းဒေသကြီးမှာ စစ်ကိုင်းတိုင်းဒေသကြီး (၃၆၅၃၅)စ/မိုင် ကျယ်ဝန်းသည်။
ပြည်နယ်များနှင့် တိုင်းဒေသကြီးများကို ခရိုင်များ အဖြစ်ထပ်မံပိုင်းခြားထားသည်။ ခရိုင်များကို မြို့နယ်များ၊ မြို့များ၊ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများနှင့် ကျေးရွာများအဖြစ် အဆင့်ဆင့်ပိုင်းခြားသတ်မှတ်ထားသည်။