မောင်အေး (ဒုတိယဗိုလ်ချုပ်မှူးကြီး)
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း / From Wikipedia, the free encyclopedia
ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး သည် မြန်မာ့တပ်မတော်၏ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထို့အပြင် တပ်မတော်မှဖွဲ့စည်းသည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့တွင် ဒုတိယဥက္ကဋ္ဌရာထူးများ ရယူခဲ့သူဖြစ်သည်။ ၂၀၁၁ခုနှစ် မတ်လ စနစ်သစ်စတင်ချိန်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ စစ်ဖက်ဆိုင်ရာရာထူးများမှ အနားယူခဲ့သည်။ စစ်အစိုးရအဖွဲ့တွင် ဒုတိယအကြီးအကဲနေရာမှ ရယူခဲ့သည့်အားလျော်စွာ နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းများ ခံခဲ့ရသည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
အချက်တိုများ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး, နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုဥက္ကဋ္ဌ ...
ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး | |
---|---|
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၁၅ နိုဝင်ဘာ ၁၉၉၇ – ၃၀ မတ် ၂၀၁၁ | |
ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီးသန်းရွှေ |
ယခင်လူ | ကိုယ်တိုင် (နဝတဒုဥက္ကဋ္ဌ) |
ဆက်ခံသူ | သီဟသူရ တင်အောင်မြင့်ဦး နှင့် ဒေါက်တာ စိုင်းမောက်ခမ်း (ဒုသမ္မတ) |
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် | |
တာဝန်သက်တမ်း ဇူလိုင် ၁၉၉၃ – ၃၀ မတ် ၂၀၁၁ | |
ယခင်လူ | ဗိုလ်ချုပ်ကြီးသန်းရွှေ |
ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း |
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၂၇ ဧပြီ ၁၉၉၄[1] – ၁၅ နိုဝင်ဘာ ၁၉၉၇ | |
ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီးသန်းရွှေ |
ယခင်လူ | ဗိုလ်ချုပ်ကြီးသန်းရွှေ |
ဆက်ခံသူ | ကိုယ်တိုင် (နအဖဒုဥက္ကဋ္ဌ) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1938-12-25) ၂၅ ဒီဇင်ဘာ၊ ၁၉၃၈ (အသက် ၈၅) ကန့်ဘလူမြို့၊ ဗြိတိသျှဘားမား[2] |
နိုင်ငံရေးပါတီ | SPDC (စစ်အစိုးရ) |
ကြင်ဖော်(များ) | ဒေါ်မြမြစန်း[3] |
သားသမီး | နန္ဒာအေး[4] |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
စစ်မှုထမ်းခြင်း | |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
အမှုထမ်းကာလ | ၁၉၅၉-၂၀၁၁ |
ရာထူး | ဒုတိယဗိုလ်ချုပ်မှူးကြီး |
ပိတ်ရန်