မက်မန်းပင် (Prunus domestica) သည် ပန်းပွင့်သော အပင် မျိုးစိတ်တခုဖြစ်ပြီး မက်မွန်ပင်၊ တရုတ်ဆီးသီးပင်၊ ချယ်ရီပင်များနှင်အတူ ရိုဇေးစီအီး မျိုးရင်းတွင် ပရူးနပ်မျိုးစု၌ ပါဝင်သည်။ ယင်း၏ ရုက္ခဗေဒအမည်မှာ ပရူးနပ် ကွမ်မျူနစ် ဖြစ်သည်။ ယင်း၏ မူလပေါက်ရာဒေသမှာ ဥရောပတိုက်တောင်ပိုင်းနှင့် အာရှတိုက်အနောက်ပိုင်းတို့ဖြစ်ရာ ထိုမှတဆင့် အမေရိကတိုက်၊ အာရှတိုက်နှင့် ဥရောပအနောက်ပိုင်းတို့သို့ ပျံ့နှံ့သွားကြသည်။ မြန်မာနိုင်ငံတွင် ပေ ၃ဝဝဝ နှင့် ယင်းအထက်မြင့်သော ရှမ်းကုန်းပြင်မြင့်များ၌သာ ပေါက်ရောက်သည်။ ထိုကြောင့် မေမြို့၊ ကလောမြို့နှင့် တောင်ကြီးမြို့များ အနီးအနားတွင် မက်မန်းပင်များကို တွေ့ရသည်။ မက်မန်းပင်သည် ချုံငယ်မျိုး၊ သို့မဟုတ် အပင်ငယ်မျိုးဖြစ်၍ အကိုင်းအခက်အလက် အမြောက်အမြားထိုးထွက်သည်။ ပန်းပွင့်များသည် အဖြူနှင့် အစိမ်းနုနုအရောင်များဖြစ်၍ နွမ်းသွားသည့်အခါ ပန်းရောင်နှင့် အနီရောင်သို့ ပြောင်းသွားတတ်သည်။ များသောအားဖြင့် ပန်းပွင့်များသည် အရွက်များမထွက်မီ ထွက်လာကြသည်။ မက်မန်းပင်အမျိုးပေါင်း မြောက်မြားစွာရှိသည်။
နောက်ထပ် အချက်အလက်များ Prunus domestica, ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...
Prunus domestica |
![](//upload.wikimedia.org/wikipedia/commons/thumb/6/67/Fruits_Prunus_domestica.jpg/220px-Fruits_Prunus_domestica.jpg) |
|
|
မျိုးရိုးခွဲခြားခြင်း ![ပြင်ဆင်](//upload.wikimedia.org/wikipedia/commons/7/74/Red_Pencil_Icon.png) |
လောက: |
Plantae |
Clade: |
Angiosperms |
Clade: |
Eudicots |
Clade: |
Rosids |
မျိုးစဉ်: |
Rosales |
မျိုးရင်း: |
Rosaceae |
မျိုးဇာတ်: |
Amygdaleae |
မျိုးစု: |
Prunus |
မျိုးစိတ်: |
P. domestica |
ဒွိနာမ |
Prunus domestica
|
Synonyms[1] |
စာရင်း
- Druparia insititia Clairv.
- Druparia prunus Clairv.
- Prunus ambigua Salisb.
- Prunus communis Huds.
- Prunus dumetorum Callay
- Prunus exigua Bechst.
- Prunus insititia L.
- Prunus italica Borkh.
- Prunus lutea Bechst.
- Prunus oeconomica Borkh.
- Prunus sativa Rouy & Camus
- Prunus subrotunda Bechst.
- Prunus vinaria Bechst.
|
|
ပိတ်ရန်