![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/1/11/Bono_at_the_2009_Tribeca_Film_Festival.jpg/640px-Bono_at_the_2009_Tribeca_Film_Festival.jpg&w=640&q=50)
ဘိုနို
အိုင်းရစ် ရော့ခ်ဂီတပညာရှင်၊ U2 အဖွဲ့၏ အဆိုတော် / From Wikipedia, the free encyclopedia
မြင်းစီးသူရဲကောင်းဘွဲ့ (KBE) ရ ဘိုနိုသည် အိုင်ရစ် တေးသံရှင်၊ ဂီတပညာရှင် တစ်ဦးဖြစ်သည်။ ဘိုနို၏ အမည်ရင်းမှာ (Paul David Hewson) ဖြစ်ပြီး ယူတူး (U2) အဖွဲ့၏ ပင်တိုင် အဆိုတော်ဖြစ်သည်။ ယူတူးအဖွဲ့၏ သီချင်းစာသား အားလုံးနီးပါးသည် ဘိုနို၏ ဖန်တီးမှုများ ဖြစ်သည်။ သီချင်းရေးရာတွင် ဘိုနိုသည် နိင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေး အကြောင်းအရာများကိုလည်း ထည့်ရေးလေ့ ရှိသည်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် ရည်စူးပြီးရေးထားသည့် Walk On သီချင်းစာသားမှာလည်း ဘိုနို၏ လက်ရာ တစ်ပုဒ်ဖြစ်သည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ (၂၇ ဒီဇင်ဘာ ၂၀၁၈) |