ဘရက်ပစ်
အမေရိကန် ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်ရှင်ထုတ်လုပ်သူ / From Wikipedia, the free encyclopedia
ဝီလျံ ဘရက်ဒလေပစ် (၁၈ ဒီဇင်ဘာ ၁၉၆၃ မွေးဖွား) သည် အမေရိကန် ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်ရှင်ထုတ်လုပ်သူ တစ်ဦးဖြစ်သည်။ ဆုတံဆိပ်ပေါင်း များစွာနှင့် ဆန်ကာတင် အမည်စာရင်းတင်သွင်းမှုပေါင်းများစွာ လက်ခံရရှိခဲ့ရာ သူ၏ ကိုယ်ပိုင် ကုမ္ပဏီ Plan B ဖျော်ဖြေရေးလုပ်ငန်း၏ ထုတ်လုပ်သူအဖြစ် ရရှိသော အကယ်ဒမီဆုလည်း ပါဝင်သည်။
ဘရတ်ပစ် | |
---|---|
အောက်တိုဘာ ၂၀၁၄၌ ဝါရှင်တန် ဒီစီ ၊ Fury ရုပ်ရှင်အထူးပွဲတွင် တွေ့ရသော ပစ် | |
မွေးဖွား | ဝီလျံဘရက်ဒလေပစ် (၁၉၆၃-၁၂-၁၈) ဒီဇင်ဘာ ၁၈၊ ၁၉၆၃ (အသက် ၆၀) Shawnee, အိုကလာ ဟိုးမား , ယူအက်စ် |
နိုင်ငံလူမျိုး | အမေရိကန် |
မိခင်ကျောင်း | ကစ်ကပူး အထက်တန်းကျောင်း မစ်ဇူရီ တက္ကသိုလ် |
အလုပ်အကိုင် | ရုပ်ရှင်သရုပ်ဆောင် ၊ ပလန် ဘီ အန်တာတိန်းမန့် ထုတ်လုပ်ဖြန့်ချိသူ |
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၈၇ - ယနေ့တိုင် |
ထင်ရှားသည့် လုပ်ဆောင်မှု | ရုပ်ရှင်ဇာတ်ကားများ |
ဇာတိ | စပရင်းဖီးလ် ၊ မစ်ဇူရီ, ယူအက်စ် |
ကြွယ်ဝမှု | ဒေါ်လာ သန်း ၂၄၀ |
သားသမီး | ၆ |
ဆွေမျိုးသားချင်း |
|
ခရီးသွားရုပ်ရှင် Thelma & Louise (၁၉၉၁) တွင် လမ်းကြုံကားလိုက်စီးသူ ကောင်းဘွိုင်အဖြစ်နှင့် ပထမဦးဆုံး သတိထားအသိအမှတ်ပြုမှု ရရှိခဲ့သည်။ ငွေကြေးအကုန်အကျခံရိုက်ကူးသောဇာတ်ကားများတွင် အဓိကသရုပ်ဆောင်အနေဖြင့် ကနဦး၌ အလွမ်းအဆွေးဇာတ်လမ်း A River Runs Through It (၁၉၉၂) နှင့် Legends of the Fall (၁၉၉၄), နှင့် ထိတ်လန့်သည်းဖိုရုပ်ရှင် Interview with the Vampire (၁၉၉၄) တို့တွင် သရုပ်ဆောင်ခဲ့သည်။ မှုခင်းဇာတ်လမ်း Seven နှင့် စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်း 12 Monkeys (၁၉၉၅) တို့ဖြင့် ချီးကျူးမှုခံခဲ့ရရာ ဒုတိယဇာတ်လမ်းတွင် ဇာတ်ပို့သရုပ်ဆောင် အနေဖြင့် ရွှေကမ္ဘာလုံးဆု အပြင် အကယ်ဒမီဆန်ကာတင်စာရင်းဝင်ခဲ့သည်။ .
ဂိုဏ်းဂဏဆိုင်ရာ ဇာတ်လမ်း Fight Club (၁၉၉၉) ၊ ခိုးဝှက်မှုဇာတ်လမ်း Ocean's Eleven (၂၀၀၁) နှင့် ၎င်း၏ကားဆက် Ocean's Twelve (၂၀၀၄) နှင့် Ocean's Thirteen (၂၀၀၇)တို့တွင် သရုပ်ဆောင်ခဲ့သည်။ သူ၏ စီးပွားရေးအရအောင်မြင်မှု အကြီးဆုံးဇာတ်လမ်းများမှာ Troy (၂၀၀၄) ၊ Mr. & Mrs. Smith (၂၀၀၅) နှင့် World War Z (၂၀၁၃) တို့ဖြစ်သည်။ The Curious Case of Benjamin Button (၂၀၀၈) နှင့် Moneyball (၂၀၁၁)တို့၏ အဓိသရုပ်ဆောင်နေရာ ဖြင့် ဒုတိယနှင့် တတိယမြောက် အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့သည်။ သူထုတ်လုပ်သော The Departed (၂၀၀၆) နှင့် 12 Years a Slave (၂၀၁၃) တို့ဖြင့် အကောင်းဆုံးဇာတ်ကား အကယ်ဒမီဆုကို ရရှိခဲ့သည့်အပြင် The Tree of Life ၊ Moneyball နှင့် The Big Short (၂၀၁၅)တို့ သည်လည်း အကောင်းဆုံး ဇာတ်ကား ဆန်ကာတင်စာရင်းဝင်ခဲ့သည်။
လူသိများသူတစ်ဦးဖြစ်သူ ပစ်ကို အမေရိကန်သရုပ်ဆောင်ဖျော်ဖြေရေးလောက၏ လွှမ်းမိုးနိုင်မှုနှင့် တိက္ကမအရှိဆုံး ပုဂ္ဂိုလ်များအနက်မှ တစ်ဦးအဖြစ် အသိအမှတ်ပြုကြသည်။ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးအမျိုးသားအဖြစ် မီဒီယာလုပ်ငန်းအသီးသီး၏ ညွှန်းဆိုမှုကို နှစ်ပေါင်းများစွာရရှိခဲ့ရာ ပုဂ္ဂိုလ်ရေးဘဝပါ လူအများအာရုံစိုက်မှု ခံခဲ့ရသည်။ သရုပ်ဆောင်မင်းသမီး ဂျနီဖာအန်နစ္စတန်နှင့် အိမ်ထောင်သက် (၅) နှစ်ရပြီးနောက် ကွာရှင်းပြတ်စဲခဲ့သည်။ သရုပ်ဆောင် မင်းသမီး အန်ဂျလီနာဂျိုလီနှင့် ၂၀၁၄ တွင် လက်ထပ်ခဲ့သည်။ ၎င်းတို့နှစ်ဦးတွင် သားသမီး (၆) ဦးရှိသည့်အနက် သုံးဦးကို တိုင်းသိပြည်ကျော် လူသိရှင်ကြား မွေးစားခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ် ပစ်နှင့် ကွာရှင်းခွင့်ရရန် ဂျိုလီက လျောက်ထားခဲ့ရာ ယခုအချိန်ထိ ဆိုင်းငံ့ဆဲဖြစ်သည်။