ဘက်ကွတ်တေး
From Wikipedia, the free encyclopedia
ဘက်ကွတ်တေး (Bak kut teh) ဆိုသည်မှာ ဝက်နံရိုးအား ဟင်းရည်တွင်း ချက်ပြုတ်ထားသော ဟင်းလျာတစ်မျိုးဖြစ်ပြီး မလေးရှားနိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့ရှိ ဟော့ကလို နှင့် တီယိုချူး လူမျိုးတို့ နေထိုင်ရာ အရပ်တွင် လူကြိုက်များရေပန်းစားပြီး အနီးအနား ဒေသများဖြစ်သော ရီအောကျွန်းများနှင့် ထိုင်းနိုင်ငံတောင်ပိုင်းတို့တွင်လည်း တွေ့ရသည်။
ဘက်ကွတ်တေးကို အနီးကပ်မြင်ရပုံ | |
မူရင်းနိုင်ငံ | တရုတ်နိုင်ငံ သို့ မလေးရှားနိုင်ငံ[1][2] စင်ကာပူနိုင်ငံ (Teochew version) |
---|---|
ဒေသ | မလေးရှား စင်ကာပူ နှင့် ရီအောကျွန်းများ ရှိ ဟောက်ကျန့် နှင့် တီယိုချူး တရုတ်ဘာသာစကားပြောသောနေရာများ |
ဆက်နွယ်သောအမျိုးသားအစားအစာ | မလေးရှား, စင်ကာပူ |
အဓိက ပါဝင်ပစ္စည်း | ဝက်နံရိုး, complex broth of herbs and spices (including star anise, သစ်ကြံပိုး, လေးညှင်း, dang gui, စမုန်စပါး နှင့် ကြက်သွန်ဖြူ) |
မျိုးကွဲများ | ဟောက်ကျန့်နှင့် တီယိုချူး |
Cookbook: Bak kut teh Media: Bak kut teh |
ဟင်းလျာအမည်မှာ ဟောက်ကျန့် ဒေသသုံးစကားမှ တိုက်ရိုက်ဘာသာပြန်ထားခြင်းဖြစ်ပြီး နံရိုးအသားလက်ဖက်ရည် ဟု အဓိပ္ပာယ်ရသည်။ အရိုးရှင်းဆုံး အနေနှင့် အသားများသော ဝက်နံရိုးများကို ဆေးမြစ်များနှင့် ဟင်းခတ်အမွှေးအကြိုင်များပါဝင်သော ဟင်းရည်တွင် ထည့်၍ ဆူအောင် နာရီပိုင်းမျှကြာအောင် ပြုတ်၍ ချက်ပြုတ်လေ့ ရှိကြသည်။[3] နာမည်တွင် လက်ဖက်ရည်ပါသော်လည်း ဟင်းလျာထဲတွင် လက်ဖက်ရည် မပါပေ။ အမည်အရ ဟင်းရည်နှင့်အတူ တွဲဖက်ပေးလေ့ရှိသော ပြင်းထန်သည့် အူးလောင်တရုတ်လက်ဖက်ရည်ကို ရည်ညွန်းပြီး ထိုလက်ဖက်ရည်မှ ဝက်သားများပါဝင်သော ဟင်းလျာထဲမှ အဆီကို သိသိသာသာ လျော့နည်းစေသည် သို့မဟုတ် ကြေပျက်စေသည်ဟု ယုံကြည်ကြသည်။