![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/6d/Fus%25C3%25A9e_V2.jpg/640px-Fus%25C3%25A9e_V2.jpg&w=640&q=50)
ဗွီ-၂ ဒုံးပျံ
From Wikipedia, the free encyclopedia
ဗွီ-၂ ဒုံးပျံ (ဂျာမန်: Vergeltungswaffe 2, i.e. retaliation weapon 2), နည်းပညာရပ်ဆိုင်ရာအမည် Aggregat-4 (A4) သည် ဒုတိယကမ္ဘာစစ်အစောပိုင်းကာလတွင် အထူးသဖြင့် လန်ဒန်မြို့၊ ထို့နောက် အန်တွပ်မြို့များကို ပစ်ခတ်ရန် ဂျာမနီနိုင်ငံတွင် တီထွင်ခဲ့သော တာဝေးပစ်ဒုံးပျံဖြစ်သည်။ လောင်စာရည်တွန်းအားပေးဒုံးပျံသည် ကမ္ဘာ့ပထမဆုံးသောအဝေးပစ်[1] စစ်သုံးလက်နက်[2]နှင့် အာကာသသို့ ပထမဆုံးရောက်သော လူလုပ်ပစ္စည်းဖြစ်သည်။[3] ယင်းသည် ခေတ်မီ ဒုံးပျံအားလုံး၏ ဖခင်ဖြစ်ကာ[4] အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်ယူနီယံတို့ အသုံးပြုသော အာကာသ စီမံကိန်းများအထိ ပါဝင်သည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း အမေရိကန်၊ ဗြိတိသျှ၊ ဆိုဗီယက်တို့သည် ဗွီ-၂ ဒုံးပျံ၏ နည်းပညာရပ်ဆိုင်ဒီဇိုင်းကို ရရှိရန် ကြိုးပမ်းခဲ့ကြသည်။ ထို့အပြင် စက္ကူညှပ်စစ်ဆင်ရေး, Operation Osoaviakhim, Operation Backfire အစရှိသော စစ်ဆင်ရေးများဖြင့် ဒုံးပျံအားတီထွင်သည့် ဂျာမန်သိပ္ပံပညာရှင်များကို ဖမ်းဆီးရန်လည်း ဆောင်ရွက်ခဲ့သည်။[5]
Aggregat-4 / Vergeltungswaffe-2 | |
---|---|
![]() Peenemünde Museum replica of V-2 | |
အမျိုးအစား | single stage ballistic missile |
မူလထုတ်လုပ်ရာ | ![]() |
သုံးစွဲမှု မှတ်တမ်း | |
တာဝန်ထမ်းချိန် | 1944–1952 |
အသုံးပြုသူ | ![]() ![]() ![]() ![]() |
ထုတ်လုပ်မှု မှတ်တမ်း | |
ထုတ်လုပ်သူ | Mittelwerk GmbH (development by Army Research Center Peenemünde) |
တစ်ခုချင်းတန်ဖိုး | 100,000 RM January 1944, 50,000 RM March 1945 |
စတင်ထုတ်လုပ်သည့်နေ့ | 16 March 1942 |
အသေးစိတ်အချက်အလက် | |
အလေးချိန် | ၁၂,၅၀၀ kg (၂၇,၆၀၀ lb) |
အလျား | ၁၄ m (၄၅ ft ၁၁ in) |
အချင်း | ၁.၆၅ m (၅ ft ၅ in) |
ထိပ်ဖူး | ၁,၀၀၀ kg (၂,၂၀၀ lb) Amatol |
တောင်ပံဖျား အကျယ် | ၃.၅၆ m (၁၁ ft ၈ in) |
မောင်းနှင်သည့်ဆီ | ၃,၈၁၀ kg (၈,၄၀၀ lb) of 75% ethanol and 25% water + ၄,၉၁၀ kg (၁၀,၈၂၀ lb) of liquid oxygen |
စစ်ဆင်နိုင်သည့် အကွာအဝေး | ၃၂၀ km (၂၀၀ mi) |
ပျံသန်းသည့် အမြင့် | ၈၈ km (၅၅ mi) maximum altitude on long range trajectory, ၂၀၆ km (၁၂၈ mi) maximum altitude if launched vertically. |
အရှိန် | maximum:
at impact:
|
ထိန်းချုပ်မှု စနစ် | Gyroscopes to determine direction Müller-type pendulous gyroscopic accelerometer for engine cutoff on most production rockets (10% of the Mittelwerk rockets used a guide beam for cutoff.) |
ပစ်လွှတ်သည့် ပလက်ဖောင်း | Mobile (Meillerwagen) |
၁၉၄၄၊ စက်တင်ဘာမှစတင်၍ ဂျာမန်တပ်များသည် မဟာမိတ်ပစ်မှတ်များ၊ အများအားဖြင့် လန်ဒန်မြို့၊ ထို့နောက်အန်တွပ်မြို့နှင့်လီဂဲမြို့များသို့ ဗွီ-၂ ဒုံးပျံပေါင်း ၃,၀၀ကျော်ပစ်လွှတ်ခဲ့သည်။ ဘီဘီစီ၏ ၂၀၁၁ စာရင်းများအရ စစ်သားနှင့်အရပ်သား ၉,၀၀၀ကျော်သေဆုံးခဲ့ပြီး ချွေးတပ်သားနှင့်အကျဉ်းသားစုစုပေါင်း ၁၂,၀၀၀ကျော်မှာ ယင်းလက်နက်များ ထုတ်လုပ်ရေးစခန်းများတွင် ခိုင်းစေမှုကြောင့် သေဆုံးခဲ့ရသည်။[6]