![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/a/a9/Official_portrait_of_Keir_Starmer_MP_%2528cropped%2529.jpg/640px-Official_portrait_of_Keir_Starmer_MP_%2528cropped%2529.jpg&w=640&q=50)
ဗဟိုစာမျက်နှာ
ဝီကီမီဒီယာ ပရောဂျက် စာမျက်နှာ / From Wikipedia, the free encyclopedia
ဝီကီပီးဒီးယားက ကြိုဆိုပါသည်။
အထူးအကြောင်းအရာ
၁၈ ရာစု ဘီစီ (ဘီစီ ၁၈၀၀) မှ ဖြစ်နိုင်ခြေအများဆုံးမှာ မိုက်ဆီးနီးယန်လူမျိုး နှင့် မစ်နိုးယန်လူမျိုး သီဆိုသူများ၏ နှုတ်တက် ကဗျာလင်္ကာရွတ်ဆိုမှု ဓလေ့များမှ မူလအရင်းခံသဘောအားဖြင့် ပြန့်ပွားလာခဲ့ကာ အဆုံးသတ်၌ ထရိုဂျန်စစ်ပွဲနှင့် စစ်ကြီးအပြီးခေတ်က သူရဲကောင်းများနှင့် ပတ်သက်သော ဒဏ္ဍာရီများသည် ဟိုးမား၏ ကဗျာလင်္ကာရှည်များဖြစ်သော အစ်လိယဒ် နှင့် အော့ဒဆီ (ဂရိ - အိုဒိဆီယား)တို့၏ နှုတ်မှုရေးရာ လက်ဆင့်ကမ်းသည့် အလေ့အထတို့၏ အစိတ်အပိုင်းများဖြစ်လာခဲ့ကြသည်။ ဟိုးမားခေတ်နီးပါးကာလက ကဗျာဆရာ ဟီးဆီးယဒ်၏ သီယိုဂန်နီ (ဂရိ - သီယိုဂေါနီးယား) နှင့် 'အလုပ်များနှင့် နေ့ရက်များ' စသည့် ကဗျာကြီးနှစ်ပုဒ်တွင်လည်း ကမ္ဘာဦးကာလအကြောင်းတရားများ၊ တန်ခိုးစွမ်းအားရှိသူ မင်းလုပ်အုပ်စိုးသူများ၊ လူသားခေတ်၊ လူတို့၏ ပူဆွေးသောကဗျာပါဒများ၏ မူလအကြောင်းခံများနှင့် ယဇ်ပူဇော်ခြင်းဆိုင်ရာ ကျင့်ထုံးများ၏ ဇာစ်မြစ်များ ပါဝင်သည်။ ဟိုးမားဓမ္မတေးသီချင်းများ၊ ကဗျာလင်္ကာပေါင်းစုမှ ကဗျာရှည်များ၏ အစိတ်အပိုင်းများ၊ စကားပြောပုံစံရှိ ကဗျာများ၊ ဘီစီငါးရာစုခန့်က အလွမ်း အသောများ ရေးသောဇာတ်ဆရာများ လက်ရာများ၊ ဟဲလင်နစ်စတစ်ခေတ်က ပညာရှင်များနှင့် ကဗျာဆရာများရေးဖွဲ့သော လက်ရာများ၊ ရောမအင်ပါယာခေတ်က ပလူးတာ့ခ် နှင့် ပေါ်ဆန်းနိယာစ် ကဲ့သို့သော စာရေးဆရာများ၏ စာပေများ စသည်တို့တွင် ဒဏ္ဍာရီများကို မပျောက်မပျက်စေရန် ထိန်းသိမ်းထားရှိခဲ့ကြသည်။
ဆက်လက်ဖတ်ရှုရန် ...သတင်းများ
- လေဘာပါတီ (ခေါင်းဆောင် ကီယာစတားမာ ) သည် ယူနိုက်တက်ကင်းဒမ်း အထွေထွေ ရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့သည်။
- အတ္တလန္တိတ် ဟာရီကိန်းတွင် အစောဆုံး အဆင့် ၅ ဟာရီကိန်း ဖြစ်သော ဟာရီကိန်း ဘယ်ရဲလ် ကြောင့် ကာရစ်ဘီယံနှင့် ဗင်နီဇွဲလားတွင် လူအနည်းဆုံး ၂၂ ဦး သေဆုံးခဲ့သည်။
- နယ်သာလန်တွင် ဒစ်ခ်ရှဟော့ဖ်က ဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်ကာ အစိုးရသစ်ကို ဖွဲ့စည်းခဲ့သည်။
- အိန္ဒိယနိုင်ငံ၊ ဥတ္တရပဒေသပြည်နယ်တွင် ဘာသာရေးပွဲတစ်ခုတွင် လူအုပ်စုပြုံတိုးဝှေ့မှုကြောင့် လူအနည်းဆုံး ၁၂၀ ခန့် သေဆုံးခဲ့သည်။
- ဘိုလီးဗီးယားနိုင်ငံတွင် Juan José Zúñiga ဦးဆောင်သော တပ်များက အာဏာသိမ်းရန် ရည်ရွယ်ချက်ဖြင့် သမ္မတအိမ်တော်အား စီးနင်းတိုက်ခိုက်ခဲ့သည်။
- ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်းသည် U.S. plea bargain ၏ အစိတ်အပိုင်းတစ်ရပ်ဖြင့် ထောင်မှ လွတ်မြောက်လာခဲ့သည်။