ဗထူး အားကစားကွင်း
အားကစားကွင်း / From Wikipedia, the free encyclopedia
ဗထူးအားကစားကွင်း (အင်္ဂလိပ်: Bahtoo Stadium) သည် ဘက်စုံသုံး အားကစားပြိုင်ကွင်း တစ်ခု ဖြစ်ပြီး မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်တွင် တည်ရှိသည်။ ယခင်က ယူဘီအေအေ(UBAA) အထက်ဗမာနိုင်ငံ အားကစားကွင်းဟု ခေါ်ပြီး နောင်တွင် ဖက်ဆစ် ဂျပန်တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးဗထူး နာမည်ကို ဂုဏ်ပြုမှည့်ခေါ်ထား၍ ဗထူး အားကစားကွင်းဟု အမည်တွင်လာသည်။
ယခင်အမည် | အထက်ဗမာနိုင်ငံ အားကစားကွင်း |
---|---|
လိပ်စာ | လမ်း ၃၀၊ ၇၁လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ် |
တည်နေရာ | မန္တလေးမြို့၊ မြန်မာနိုင်ငံ |
ကိုဩဒိနိတ် | 21°59′00″N 96°6′00″E |
ပိုင်ဆိုင်သူ | ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန |
စီမံခန့်ခွဲသူ | အားကစားနှင့်ကာယပညာဦးစီးဌာန |
ဝင်ဆံ့ပမာဏ | ၁၇,၀၀၀[1] |
မျက်နှာပြင် | မြက်ခင်းပြင် |
တည်ဆောက်ခြင်း | |
ဖွင့်လှစ် | ၁၈၉၀ |
တိုးချဲ့ | ၁၉၆၆ |
ငှားရမ်းသူ | |
ရတနာပုံ ဘောလုံးအသင်း |
ပရိသတ် ၁၇၀၀၀ ကျော် ဝင်ဆန့်ပြီး အထက်မြန်မာနိုင်ငံ၏ အဓိက အားကစားပြိုင်ကွင်း တစ်ခု ဖြစ်ခဲ့သည်။ မြို့ခံများက ဗထူးကွင်းဟု ခေါ်ဆိုကြသည်။ ဗထူးကွင်းသည် မြန်မာအမျိုးသားလိဂ် ပြိုင်ပွဲဝင် ရတနာပုံ ဘောလုံး အသင်း၏ အိမ်ကွင်းလည်း ဖြစ်သည်။
ဗထူးကွင်းတွင် ပြည်တွင်း ဘောလုံးပြိုင်ပွဲများ အဓိကထား ကျင်းပလေ့ရှိပြီး ပြည်ပ ဘောလုံးပြိုင်ပွဲအနေဖြင့် ၂၀၀၆ ခုနှစ်က ဂရန်းရွိုင်ရယ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ (မြန်မာ) ကို လက်ခံကျင်းပခဲ့သည်။[2]