ဖင်လန်နိုင်ငံ
From Wikipedia, the free encyclopedia
ဖင်လန်နိုင်ငံသည်နောဒစ်နိုင်ငံ တစ်ခုဖြစ်ပြီး ဖင်နိုစကန်ဒီရမ်းနေရာတွင် တည်ရှိသည်။ဆူအိုမီ သည် နိုင်ငံသုံး ပထမ ဘာသာစကားဖြစ်ပြီး၊ ဒုတိယ ဘာသာစကားမှာ ဆွီဒင် ဖြစ်သည်။ ၎င်းသည် အနောက်ပိုင်းတွင် ဆွီဒင်နိုင်ငံနှင့်ကပ်လျက်ရှိပြီး၊ အရှေ့ဘက်တွင် ရုရှား၊ မြောက်ဘက်တွင် နော်ဝေ နှင့် အက်စ်တိုးနီးယား သည် တောင်ဘက်ပယ်လယ်အော် တွင် တည်ရှိသည်။ မြို့တော်မှာ ဟယ်လ်ဆင်ကီဖြစ်သည်။
ဖင်လန် သမ္မတ နိုင်ငံတော်
| |
---|---|
နိုင်ငံတော် သီချင်း: Maamme (ဖင်လန်) Vårt land (ဆွီဒင်) (မြန်မာ: "ငါတို့မြေ") | |
ဖင်လန်နိုင်ငံ၏ တည်နေရာ (အစိမ်းရင့်) – ဥရောပတိုက်အတွင်း (အစိမ်း နှင့် မီးခိုးရင့်) | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဟယ်လ်စင်ကီမြို့ 60°10′N 24°56′E |
ရုံးသုံး ဘာသာစကားများ |
|
လူမျိုးစု (၂၀၁၇) | |
ကိုးကွယ်မှု |
|
Demonym | |
အစိုးရ | ပြည်ထောင်စု ပါလီမန် သမ္မတနိုင်ငံစနစ်[1] |
• သမ္မတ | Sauli Niinistö |
• ဝန်ကြီးချုပ် | Sanna Marin |
ဥပဒေပြုလွှတ်တော် | Eduskunta/Riksdagen |
လွတ်လပ်ရေးရရှိခြင်း ရုရှားသမ္မတနိုင်ငံမှ | |
၁၈၀၉ ခုနှစ် မတ်လ ၂၉ ရက် | |
၁၉၁၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက် | |
၁၉၁၈ ခုနှစ် ဇန်နဝါရီလ – မေလ | |
• ဖွဲ့စည်းပုံဥပဒေအသက်ဝင်ခြင်း | ၁၉၁၉ ခုနှစ် ဇူလိုင်လ ၁၇ ရက် |
၁၉၃၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် – ၁၉၄၀ ခုနှစ် မတ်လ ၁၃ ရက် | |
၁၉၄၁ ခုနှစ် ဇွန်လ ၂၅ ရက် – ၁၉၄၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက် | |
၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၁ ရက် | |
ဧရိယာ | |
• စုစုပေါင်း | ၃၃၈,၄၅၅ km2 (၁၃၀,၆၇၈ sq mi) (အဆင့်: ၆၅) |
• ရေထု (%) | ၉.၇၁ (၂၀၁၅ ခုနှစ်အရ)[2] |
လူဦးရေ | |
• ၂၀၂၀ ခန့်မှန်း | ၅,၅၃၆,၁၄၆[3] (အဆင့် - ၁၁၆) |
• သိပ်သည်းမှု | ၁၆/km2 (၄၁.၄/sq mi) (အဆင့် - ၂၁၃) |
GDP (PPP) | ၂၀၂၀ ခန့်မှန်း |
• စုစုပေါင်း | $၂၅၇ ဘီလီယံ[4] (အဆင့် - ၆၀) |
• Per capita | $၄၉,၃၃၄[4] (အဆင့် - ၁၉) |
GDP (nominal) | ၂၀၂၀ ခန့်မှန်း |
• စုစုပေါင်း | $၂၇၇ ဘီလီယံ[4] (အဆင့် - ၄၃) |
• Per capita | $၄၈,၄၆၁[4] (အဆင့် - ၁၄) |
Gini (၂၀၁၉) | ၂၆.၂[5] နိမ့် · ၆ |
HDI (၂၀၁၉) | ၀.၉၃၈[6] အလွန်မြင့် · ၁၁ |
ငွေကြေး | ယူရို (€) (EUR) |
အချိန်ဇုန် | EET (UTC+2) |
• နွေရာသီ (DST) | EEST (UTC+3) |
ရက်စွဲပုံစံ | d.m.yyyy[7] |
ယာဉ်ကြောစနစ် | ညာ |
တယ်လီဖုန်းကုဒ် | +၃၅၈ |
Internet TLD | .fi , .ax |
|
နိုင်ငံတွင် လူဦးရေ ၅.၄ သန်းဝန်းကျင်ခန့် ရှိပြီး၊ နိုင်ငံ၏ တောင်ပိုင်းတွင် လူဦးရေများစွာ နေထိုင်ကြသည်။ ဥရောပ နိုင်ငံများအတွင်းတွင် အဋ္ဌမမြောက် အကြီးဆုံး နိုင်ငံတစ်ခုဖြစ်ပြီး၊ လူဦးရေ အကျဲဆုံး ဖြစ်သည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။ မိခင်ဘာသာစကားသည် အင်္ဂလိပ်လူမျိုးများခေါ်လျှင် ဖင်းနစ်ရှ်(Finnish) ဟုခေါ်ပြီး၊ ဖင်လန်လူမျိုးများအခေါ် ဆူအိုမီ(Suomi) ဘာသာစကားဖြစ်သည်။ အခြား ဘာသာစကားများဖြစ်သော ဖင်နို-ဦးဂရစ် မျိုးနွယ် ဘာသာစကားသည် အက်စ်တိုးနီးယား ဘာသာစကားနှင့်လည်း နီးစပ်သည်။ ဖင်လန်ဘာသာစကားသည် ဥရောပနိုင်ငံများတွင် ရုံးသုံး ဘာသာစကားဖြစ်သည့် လေးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး၊ အင်ဒို-ဥရောပ ဘာသာစကား မဟုတ်ပေ။ နိုင်ငံ၏ ရုံးသုံး ဒုတိယ ဘာသာစကားသည် ဆွီဒင် ဘာသာစကားဖြစ်ပြီး၊ နေထိုင်သူ ၅.၅ ရာခိုင်နှုန်းသာ အသုံးပြုကြသည်။ ဆွီဒင်နှင့် ဖင်လန် နယ်စပ်တွင်နေထိုင်ကြသူများ နှင့် အလန်ကျွန်း တွင်နေထိုင်ကြသူများ၏ မိခင်ဘာသာစကားမှာ ဆွီဒင်ဖြစ်ကြပြီး၊ အကျယ်တဝန်း အသုံးပြုကြသည်။
ပြည့်ဝသည့် ဒီမိုကရေစီ အုပ်ချုပ်မှုစနစ် ကျင့်သုံးပြီး၊ ဟယ်လ်စင်ကီ မြို့တော်တွင် တည်ရှိသည့် ပါလီမန်အမတ်များ နှင့် မြို့အုပ် ၄၁၅ခုဖြင့် အုပ်ချုပ်သည့် နိုင်ငံဖြစ်သည်။ လူဦးရေ တစ်သန်းသည် ဟယ်လ်စင်ကီမြို့တော်ကြီးတွင် နေထိုင်ကြပြီး (၎င်းသည် ဟယ်လ်စင်ကီ၊ အက်စ်ပို၊ ဗန်တာ နှင့် ကူးနီအိုင်နန် တို့ဖြင့် ပေါင်းစည်းဖွဲ့ထားသည်)၊ နိုင်ငံ၏ ထုတ်ကုန်များ၏ သုံးပုံသည် ထိုမြို့များမှ ဖြစ်သည်။ အခြား မြို့ကြီးများသည် တမ်ပယ်ရယ်၊ တူးရ်ကူ နှင့် အုံးလူ မြို့တို့ ဖြစ်ကြသည်။
သမိုင်းတလျှောက်တွင် ဆွီဒင် နိုင်ငံ၏ လက်အောက်တွင် ရှိခဲ့ပြီး၊ ၁၈၀၉ ခုနှစ်တွင် ရုရှား အင်ပါယာ ၏ ထိမ်းချုပ်မှုအောက်တွင် ရှိခဲ့သည်။ ရုရှားလက်အောက်မှ ၁၉၁၇ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သည်။ ထိုအချိန်တွင် ဆိုဗီယက် ယူနီယံသည်၊ ဂျာမဏီ နိုင်ငံ၏ နာဇီ နှင့် စစ်ဆင်နေပြီး၊ စစ်အေးကာလကြီးအတွင်းတွင် လွတ်လပ်ရေးရခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအဖြစ် ၁၉၅၅ ခုနှစ်တွင် အသင်းဝင်ခဲ့ပြီး၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၅ ခုနှစ်တွင် အသင်းဝင်ခဲ့သည်၊ ၎င်းသည် ယူရိုဇုန် ဟုခေါ်ဝေါ်သော ဥရောပမြေအဖြစ် အသိအမှတ်ပြုခံထားရသည့် နိုင်ငံဖြစ်သည်။ လှုမှုဖူလုံရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်တပ်မှ နိုင်ငံ့အာဏာ အလွဲသုံးစားလုပ်မှုများ အား လေ့လာစစ်ဆေး အတည်ပြုထားသည့် စာတမ်းများအရ ကမ္ဘာ့နိုင်ငံများတွင် နံပါတ် ၂ အတည်ငြိမ်ဆုံး နိုင်ငံအဖြစ် ခေါ်ဝေါ်ခံရသည်။
ဖင်လန် သည် နိုင်ငံတကာ နိုင်ငံများနှင့် ယှဉ်လျှင်၊ နည်းပညာ တီထွင်ထုတ်လုပ်နိုင်မှု၊ အများပြည်သူအတွက် ပညာရေးအစီအစဉ်များ၊ နိုင်ငံမှ ထုတ်ကုန်များ တိုးတက်လာမှု နှင့် လူ့အခွင့်အရေး လွတ်လပ်မှုများကို ကာကွယ်ပေးနိုင်ခြင်းများဖြင့် အကောင်းဆုံး နိုင်ငံများ စာရင်းတွင် အမြဲတွေ့ရှိလေ့ ရှိသည်။ စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်ခဲ့သော်လည်း၊ စက်မှုလက်မှု နိုင်ငံများအဖြစ်သို့ ၁၉၅၀ အလွန်မှသာ စတင်ခဲ့သည်။ ထိုအချိန်မှစ၍ စီးပွားရေးတိုးတက်မှုများ တရှိန်ထိုးဖြစ်ပေါ်လာခဲ့ပြီး၊ အထူး သက်သာချောင်ချရေး နှင့် လူမှုရေးအဓိကထားသည့် နိုင်ငံတစ်ခုအသွင်ပြောင်းနိုင်ခဲ့ပြီး၊ ကမ္ဘာ့အရှေ့ နှင့် အနောက် စီးပွားရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများ အကြားတွင် အဆင်ပြေစွာရပ်တည်နိုင်ခဲ့သည်။ နိုင်ငံ၏ ဖန်တီးနိုင်မှုစွမ်းအားသည် ကမ္ဘာ့နိုင်ငံများနှင့်ယှဉ်လျှင် အမြဲထိပ်ပိုင်းတွင် တွေ့ရှိရသည်။ ဖင်လန်သည် ကမ္ဘာ့အကောင်းဆုံး နိုင်ငံတစ်ခုအဖြစ် ၂၀၁၀ ခုနှစ်တွင် Newsweek စစ်တမ်းအရ၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး ပတ်ဝန်းကျင် အခြေအနေ နှင့် လူနေမှုအဆင့်အတန်း အရေအသွေးပေါ် မူတည်ကာ ဗိုလ်ဆွဲခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတွင် ဒုတိယ အတည်ငြိမ်ဆုံးနိုင်ငံအဖြစ်လည်း အမည်ရခဲ့ပြီး၊ ၂၀၀၉ လီဂတမ် ချမ်းသာကြွယ်ဝမှု အမှတ်ပေးစာရင်းတွင်လည်း ပထမရရှိခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးဖော်ရမ် မှ ဖင်လန်နိုင်ငံအား ကမ္ဘာ့စီးပွားရေးပြိုင်ဆိုင်မှု နိုင်ငံများတွင် အဆင့် ၇ နေရာပေးခဲ့သည်။ ပညာရေးတွင် ပညာဘွဲ့ရရှိသူဦးရေ အများဆုံးအဖြစ် အဆင့် ၃တွင် ရှိခဲ့ပြီး၊ OECD Factbook 2010 ၏ ကမ္ဘာ့နိုင်ငံများရှိ ဘွဲ့ရရှိသူများ၏ ပုံမှန်အသက်၊ နိုင်ငံရှိလူဦးရေရာခိုင်နှုန်းပေါ်မူတည်ကာ စစ်တမ်းကောက်ယူအမှတ်ပေးထားခြင်းဖြစ်သည်။ လက်ရှိတွင် ဖင်လန်နိုင်ငံအား ကမ္ဘာ့နိုင်ငံများတွင်ငြိမ်းချမ်းခြင်း၊ ပြိုင်ဆိုင်နိုင်မှု အားကောင်းခြင်း၊ နေထိုင်ရန် သင့်တော်ခြင်းများဖြင့် ထိပ်ဆုံးနိုင်ငံများတွင် တွေ့ရှိနိုင်သည်။ [8][9][10][11]