![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/c/c1/Penrose-dreieck.svg/langmy-640px-Penrose-dreieck.svg.png&w=640&q=50)
ပဲန်းရို့စ် တြိဂံ
From Wikipedia, the free encyclopedia
ပဲန်းရို့စ် တြိဂံ (အင်္ဂလိပ်: Penrose triangle)) ကို ပဲန်းရို့စ် တြိချောင်း (tribar) (သို့) မဖြစ်နိုင်သော တြိချောင်း အဖြစ်လည်းသိရှိကြ၍[1] ပုံသဏ္ဌာန်အားဖြင့် 'မဖြစ်နိုင်သော တြိဂံပုံစံတည်ဆောက်ထားသော အရာဝတ္ထု' ဖြစ်သည်။ ၎င်း၌ အမြင်သဘောပုံရေးဆွဲနည်းတွင် ဖော်ပြချယ်မှုန်းထားသော အရာဝတ္ထုတစ်ခုပါဝင်ပြီး အမြင်ပိုင်းဆိုင်ရာ လှည့်စားမှုတစ်ခုဖြစ်သည်။ အော့စကာ ရုတာရှဗတ် (Oscar Reutersvärd) က ၁၉၃၄ တွင် စတင်တီထွင်ခဲ့သည်။ ရုတာရှဗတ် နှင့်ကင်းလွတ်၍ ဤတြိဂံကို ၁၉၅၀နှစ်များတွင် စိတ်ရောဂါကု ဆရာဝန် လိုင်ယန်နယ်လ် ပဲန်းရို့စ်နှင့် သားဖြစ်သူတို့က တီထွင်၍ ရေပန်းစားစေရန် ဆောင်ရွက်ခဲ့သည်။ သားဖြစ်သူသည် ထင်ရှားသော သင်္ချာပညာရှင် ရော်ဂျာ ပဲန်းရို့စ်ဖြစ်၍ '၎င်း၏ အရှင့်သန့်ဆုံးပုံစံ (လက်တွေ့) အားဖြင့် မဖြစ်နိုင်မှု' ဟူ၍ ဖော်ပြခဲ့သည်။ ဒတ်ချ်လူမျိုး ပန်းချီဆရာ အမ်. စီ. အက်ရှာ ၏ လက်ရာများတွင် ထင်ထင်ရှားရှား ဖော်ပြထား၍ ၎င်း၏ အစောပိုင်းလက်ရာများဖြစ်သော 'မဖြစ်နိုင်သည့် အရာဝတ္ထုများ' ရေးဆွဲချက်များကလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် ဤပုံကို စေ့ဆော်ပေးနိုင်ခဲ့သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/c/c1/Penrose-dreieck.svg/320px-Penrose-dreieck.svg.png)