ပိုးကရင်ဘာသာစကားများ
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
ပိုးကရင်ဘာသာစကားများ သည် ကရင်ဘာသာစကားများရှိ ဒုတိယအကြီးဆုံး အုပ်စုဖြစ်သည်။ ဘာသာစကား လေးမျိုးသည် အပြန်အလှန် မဖြစ်စလောက်သာ နားလည်နိုင်ကြသည်။
ပိုး | |
---|---|
Phlou | |
လူမျိုး: | ကရင်လူမျိုး |
ဒေသအလိုက် ပျံ့နှံ့မှု: | မြန်မာနိုင်ငံ၊ နှင့် ထိုင်းနိုင်ငံနယ်စပ်တလျောက် |
ခွဲခြားမှု: | တရုတ်-တိဗက်နွယ် |
Glottolog: | pwoo1239[1] |
အဆိုပါ ဘာသာစကားများကို ပြောဆိုအသုံးပြုကြသူများကို အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြပြီး ထင်ရှားသောအမည်မှာ "ပိုးကရင်" ဖြစ်သည်။ ပိုးကရင်လူမျိုးများသည် မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် ရာစုနှစ်များစွာကတည်းက နေထိုင်ခဲ့ကြပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းတွင် နေထိုင်လာခဲ့ကြသည်မှာ ရာစုနှစ် ခုနစ်ခု ရှစ်ခုခန့် အနည်းဆုံး ရှိပြီဖြစ်သည်။ "ဖလုံ" (Phlou [pʰlou̯]) သို့မဟုတ် "ကဖလုံ" (Ka Phlou [ka pʰlou̯]) ဟု ခေါ်ကြပြီး အဓိပ္ပာယ်မှာ ကရင် သို့မဟုတ် လူများ ဟု အဓိပ္ပာယ်ရသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.