ပါရာနကန်
From Wikipedia, the free encyclopedia
ပါရာနကန် သည် နန်ယန် ဟု လူသိများသည့် ဗြိတိသျှကိုလိုနီအုပ်ချုပ်သော မလေးကျွန်းဆွယ်ရှိ ဆိပ်ကမ်းများ၊ အင်ဒိုနီးရှားကျွန်းစုများနှင့် စင်္ကာပူတို့ရှိ တောင်ပိုင်းတရုတ်အခြေချနေထိုင်သူများ၏ ပထမမျိုးဆက်မှ အရှေ့တောင်အာရှ ပင်လယ်ရေကြောင်းအထိ ၎င်းတို့၏ မျိုးရိုးစဉ်ဆက်ဆင်းသက်လာသော လူမျိုးစုတစ်စုဖြစ်သည်။ အထူးသဖြင့် ပါရာနကန်ယဉ်ကျေးမှုသည် ပါရာနကန်လွှမ်းမိုးရာ ဗဟိုချက်မများဖြစ်သော မလက္ကာ၊ စင်္ကာပူ၊ ပီနန်း နှင့် မီဒန် တို့ရှိ ရာစုနှစ်များစွာကြာသော အသွင်ကူးပြောင်းမှုနှင့် လူမျိုးခြားလက်ထပ်ခြင်း၏ သမိုင်းကြောင်းမှ ဖြစ်ပေါ်လာသော ကျွန်းစုဒေသများ၏ ဒေသဆိုင်ရာယဉ်ကျေးမှုများနှင့် ရှေးဟောင်းတရုတ်ယဉ်ကျေးမှုကို ထူးခြားစွာ ပေါင်းစပ်ထားခြင်းဖြစ်သည်။
峇峇娘惹 Baba Nyonya | |
---|---|
A photograph of Peranakan wedding couple – Chung Guat Hooi, the daughter of Kapitan Chung Thye Phin and Khoo Soo Beow, the son of Khoo Heng Pan, both of Penang – from a museum in Penang | |
လူဦးရေ စုစုပေါင်း | |
၈,၀၀၀,၀၀ ကျော် (ခန့်မှန်း)[1] | |
အများစု နေထိုင်သည့် နေရာ | |
အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊[2] ထိုင်းနိုင်ငံတောင်ပိုင်း[3] | |
ဘာသာစကား | |
ဘာဘာ မလေး နှင့် အခြား ပသျှူးနွယ်ဝင် ဘာသာစကားများ၊ ပီနန် ဟော့ကိုင်း နှင့် အခြား တရုတ်နွယ်ဝင် ဘာသာစကားများ၊ အင်ဒိုနီးသျှန်းဘာသာစကား၊ ဆန်ဒန်ဘာသာစကား၊ ဂျာဗား ဘာသာစကား၊ ဘီတာဝီဘာသာစကား၊ ထိုင်းတောင်ပိုင်းဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ ဒတ်ချ်ဘာသာစကား | |
ကိုးကွယ်မှု | |
လူများစု: မဟာယာန၊ ခရစ်ယာန်၊ ကွန်ဖြူးရှပ်ဝါဒ၊ တာအိုဘာသာ လူနည်းစု: ဆွန္နီမွတ်စလင်(မ်) | |
ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
en:Chinese diaspora, en:Benteng people, Bangka Island Peranakan Chinese, en:Malaysian Chinese, en:Thai Chinese, en:Chinese Singaporeans, en:Chinese Indonesians. |
ပါရာနကန် | |||||||||||
တရုတ်အမည် | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
တရုတ် | 峇峇娘惹 | ||||||||||
| |||||||||||
msa name | |||||||||||
msa | Peranakan / Tionghoa-Selat / Kiau-Seng |
မလေးကျွန်းဆွယ် (၎င်းတို့၏သားစဉ်မြေးဆက်များကို မလက္ကာ၊ စင်္ကာပူနှင့် ပီနန်တို့တွင် ပါးပါး-ညောညာ ဟုခေါ်သည်)၊ အင်ဒိုနီးရှားကျွန်းစုများ (သူတို့၏သားစဉ်မြေးဆက်များကို ကီးလောင်-စန် ဟုခေါ်သည်) နှင့် ထိုင်းနိူင်ငံတောင်ပိုင်းဖြစ်သော ဖူးခက်၊ထရန်၊ ဖန်င၊ တာကူပနှင့် ရနောင်းသို့ ၁၄ ရာစုနှင့် ၁၇ ရာစုများအကြားတွင် တရုတ်နိုင်ငံ၏ တောင်ပိုင်းပြည်နယ်များမှ ရွှေ့ပြောင်းနေထိုင်သူများ သိသိသာသာ ရောက်ရှိလာပြီး နေထိုင်ကြသည်။ ထို တရုတ်အခြေချနေထိုင်သူများနှင့် ဒေသတွင်းရှိ မလေး၊ ထိုင်း၊ဂျာဗား သို့မဟုတ် အခြားသော သူတို့၏ ဘိုးဘွားများအကြား ထိမ်းမြားလက်ထပ်မှုသည် ထူးခြားသော သွေးနှောယဉ်ကျေးမှုနှင့်ထင်သာမြင်သာရှိသော အသွင်အပြင်ကွဲပြားမှုများ ပေါ်ပေါက်လာစေသည်။
တရုတ်ဆန်မှုကို ကွဲပြားခြားနားစွာဆန့်ကျင်သော ပါရာနကန်များသည် မိသားစုတစုချင်းစီ၏ သမိုင်းကြောင်းများ ကျယ်ပြန့်စွာကွဲပြားမှုအဖြစ်ခံယူကြပြီး၊ လူမျိုးပေါင်းစုံဝါဒဖြင့် ပင်ကိုဝိသေသလက္ခဏာကို ခွဲခြားသတ်မှတ်ခြင်းဟူသော လူမျိုးပေါင်းစုံအသိုင်းအဝိုင်းတစ်ခုဟု သတ်မှတ်ကြသည်။ မလေး/အင်ဒိုနီးရှားစကားစုဖြစ်သော “တရုတ်မဟုတ်သော တရုတ်လူမျိုး” (Orang Cina Bukan Cina) သည် ပါရာနကန်ဝိသေသလက္ခဏာနှင့် တရုတ်ဝိသေသလက္ခဏာတို့ကြား ရှုပ်ထွေးသောဆက်နွယ်မှုကိုပေါင်းစပ်ထားသည်။ မျိုးရိုးစဉ်ဆက်၏ သီးခြားထူးခြားချက်များနှင့် တစ်မူထူးခြားသော နီးစပ်သည့်ယဉ်ကျေးမှုများသည် ပါရာနကန်များကို ဒေသတွင်းသို့ နောက်ပိုင်းမျိုးဆက်များဖြစ်သော တရုတ်ရွှေ့ပြောင်းအခြေချသူများ၏ သားစဉ်မြေးဆက်များနှင့်ခွဲခြားသိမြင်နိုင်သော အဓိကအချက်ဖြစ်သည်။
တောင်ပိုင်းတရုတ်၊ မလေးနှင့် အင်ဒိုနီးရှားကျွန်းစုများမှ နန်ယန် လူမျိုးစု အနည်းငယ်သည် ၁၈ ရာစုအစောပိုင်းတွင် ဗမာနိုင်ငံသို့လည်း ပြောင်းရွှေ့အခြေချလာကြပြီး ၁၉ ရာစုအလယ်တွင် ပါရာနကန် လူမျိုးစုများ၏ပညာရေးအတွက် ၎င်းတို့၏ သားစဉ်မြေးဆက်များ အဆင့်မြင့်ပညာသင်ကြားနိုင်ရန် နန်ယန် အထက်တန်းကျောင်း/ ယခင် အလယ်တန်းကျောင်း (လက်ရှိ - အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဗဟန်းမြို့နယ်) ကို စတင်ဖွင့်လှစ်ခဲ့ပြီး စိန ပါရာနကန် လူမျိုးများ၏အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအတွင်း နန်ယန် ပညာရေးကျောင်းများနှင့် တက္ကသိုလ်များထဲတွင် အစောဆုံးပညာရေးအုတ်မြစ်တစ်ခုအဖြစ် ထူထောင်ခဲ့ကြသည်။