![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/c/c3/Flag_of_the_Pa-O_National_Liberation_Army.svg/langmy-640px-Flag_of_the_Pa-O_National_Liberation_Army.svg.png&w=640&q=50)
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
From Wikipedia, the free encyclopedia
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (ပအိုဝ်း: ပအိုဝ်ႏစွိုးခွိုꩻလွစ်ထန်ႏရေꩻတပ်မတောႏ, အင်္ဂလိပ်: Pa-O National Liberation Army; အတိုကောက် PNLA) သည် မြန်မာနိုင်ငံရှိ ပအိုဝ်းလူမျိုး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။[2][3] PNLA သည် အခြားသော ပအိုဝ်းလက်နက်ကိုင်အဖွဲ့များနည်းတူ ရှမ်းပြည်နယ်ရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ ပါဝင်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စီမံသည်။[4]
အချက်တိုများ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်, လှုပ်ရှား ...
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် | |
---|---|
ပအိုဝ်ႏစွိုးခွိုꩻလွစ်ထန်ႏရေꩻတပ်မတောႏ မြန်မာ့ပြည်တွင်းပဋိပက္ခများတွင် ပါဝင် | |
![]() PNLA ၏ စစ်ရေးအလံ | |
လှုပ်ရှား | လက်ရှိ ၂၀၀၉ (၂၀၀၉)–လက်ရှိ လွတ်လပ်ရေးနှောင်းပိုင်း ၁၉၄၉ (၁၉၄၉)–၁၉၇၆ (၁၉၇၆) |
ခံယူချက် | ပအိုဝ်းအမျိုးသားရေး ခွဲထွက်ရေး စစ်အာဏာရှင်အပြီးချုပ်ငြိမ်းရေး |
ဦးဆောင်သူများ | |
စစ်ဖက်ဆိုင်ရာခေါင်းဆောင် |
|
ဌာနချုပ် | လေးဗွာစခန်း, ရှမ်းပြည်နယ် |
လှုပ်ရှားသည့် ဧရိယာ | ရှမ်းပြည်နယ် မြန်မာနိုင်ငံ-ထိုင်းနိုင်ငံ နယ်စပ် |
ယခင် | ![]() ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ |
ပြိုင်ဘက် | ![]()
|
တိုက်ပွဲနှင့် စစ်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ |
ပိတ်ရန်
၂၀၁၂ ခုနှစ် ဩဂုတ်လတွင် PNLA သည် မြန်မာနိုင်ငံ အစိုးရနှင့် "ပြည်နယ်အဆင့် သဘောတူညီချက် ငါးချက်"[5] နှင့် "ပြည်ထောင်စုအဆင့် သဘောတူညီချက် ရှစ်ချက်"[6] တို့ကို လက်မှတ်ရေးထိုးခဲ့သည်။