ပန်းရောင်ခြယ်
မြန်မာ အမျိုးသမီး အဆိုတော် From Wikipedia, the free encyclopedia
မြန်မာ အမျိုးသမီး အဆိုတော် From Wikipedia, the free encyclopedia
ပန်းရောင်ခြယ် (အင်္ဂလိပ်: Pan Yaung Chel (၁၄ ဇန်နဝါရီ ၁၉၉၆ မွေးဖွား) သည် မြန်မာ တေးရေး နှင့် အဆိုတော် တစ်ဦးဖြစ်သည်။ သူမသည် ပွဲဦးထွက် album ဖြစ်သော Wake Up Daddy ကို သူမ၏ အဖေ ဂရေဟမ် နှင့် အတူသီဆိုခဲ့သည်။
ပန်းရောင်ခြယ် | |
---|---|
အမည်ရင်း | ပန်းရောင်ခြယ် |
မွေးဖွား | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | ၁၄ ဇန်နဝါရီ၊ ၁၉၉၆
ဂီတဟန် | Pop, R&B |
အလုပ်အကိုင် | အဆိုတော် |
တူရိယာ | စန္ဒယား |
တက်ကြွသည့်နှစ်များ | ၂၀၁၅ - လက်ရှိ |
သူမ၏မိဘများမှာ ဂရေဟမ် နှင့် သင်ဇာဦး တို့ဖြစ်သည်။ သူမကို ၁၄ ဇန်နဝါရီ ၁၉၉၆ တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ ၌ မွေးဖွားသည်။ သူမတွင် ပန်းသွန်းခြယ် ဟု ခေါ်သော ညီမတစ်ယောက်ရှိသည်။
သူမသည် မြန်မာနိုင်ငံတွင် ကြီးပြင်းခဲ့ပြီး နိုင်ငံတကာ ကျောင်းများကို လေ့လာခဲ့သည်။ သူမသည် ၉နှစ် အရွယ်တွင် Yin Mar Record Label's ၏ ကလေးသီချင်းများ အယ်လ်ဘမ် အတွက် သူမ၏ "Twinkle Twinkle Little Star" သီချင်းကို ထည့်သွင်းခဲ့သည်။
၁၁ နှစ်အရွယ်တွင် သူမသည် သူမ မိသားစု နှင့်အတူ ဩစတေးလျ သို့ပြောင်းရွေ့ ခဲ့သည်။ သူမသည်ပညာရေး အတွက် ဆက်လက်လေ့လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် သူမ ၏ ဖခင်၊မိခင်နှင့် ညီမလေးတို့သည် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြသည်။ သူမသည် St Brigid's College, မှာ ၂၀၁၃ ခုနှစ်က ဘွဲ့ရရှိရာ နောက်ထပ် လေ့လာမှုများ အတွက် ထပ်မံ ကြိုးစားခဲ့သည်။[1]
၂၀၁၃ ခုနှစ် မတ်လတွင် သူမ၏ အဖေ ဂရေဟမ်သည် ရန်ကုန် တွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပရာ သူမ၏ သီချင်းသီဆိုမှု စွမ်းရည် များကြောင့် ချီးကျူးခံခဲ့ရသည်။
အထက်တန်းကျောင်းပြီးနောက် သူမသည် အနောက်တိုင်း ဩစတေးလျတက္ကသိုလ် ၌ လေ့လာမှုများ ဆက်လက် လုပ်ဆောင်ခဲ့သည်။ သူမ၏ တက္ကသိုလ်ပညာရေး မပြီးမီ သူမ၏ ပွဲဦးထွက် အယ်လ်ဘမ် Wake Up Daddy အတွက် သူမ၏ အဖေ ဂရေဟမ်နှင့်အတူ ကြိုးစားခဲ့သည်။ အယ်လ်ဘမ် ၌ လူကြိုက်အများဆုံး သီချင်းမှာ (Wake Up Daddy) ဖြစ်သည်။ ဤသီချင်းကို ကလေးများ နှင့် ဆယ်ကျော်သက်များ အပြင် လူကြီးများပါ ကြိုက်နှစ်သက်ခဲ့ကြသည်။[2] ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ထွက်ရှိခဲ့သော ဤအယ်လ်ဘမ် တွင် သီချင်း Video ၁၄ ပုဒ် ပါဝင်ခဲ့သည်။
၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းလောက်တွင် သူမ၏ တစ်ကိုယ်တော် အယ်လ်ဘမ် ထွက်ဖို့ရှိကြောင်း သူမ၏အင်တာဗျူးတွင် ပြောပြသွားခဲ့သည်။ [3] ဖေဖော်ဝါရီ ၉ရက်နေ့တွင် သူမ၏ အဖေနှင့်တူတူရေးသားထားသော "Butterflies" သီချင်းကို Facebook,YouTube Channel တို့တွင့် လွှင့်တင်ခဲ့သည်။[4] ၂၀၁၈ ခုနှစ် မတ်လ ၁၆ရက်နေ့ တွင် သူမအကြောင်းရေးသားထားသော"You Set Me Free" သီချင်းကို Facebook, YouTube channel တို့တွင် တင်ပေးခဲ့ပြန်သည်။ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သူမ၏ ပထမဦးဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် "Let It Go" အတွက် သီချင်း ဗီဒီယို တစ်ပုဒ်ထုတ်ပြန်ခဲ့သည်။[5]ဤသီချင်း ဗီဒီယို ကို Facebook စာမျက်နှာ နှင့် YouTube Channel တို့တွင် ဖြန့်ချိသည့်အချိန်ကတည်းက လူကြိုက်များခဲ့ကြသည်။ ဤသီချင်း ဗီဒီယိုကို မဖြန့်ချိမှီ ၅ ရက်အလိုက တင်ခဲ့သော Teaser ဗီဒီယို အတိုလေးကတည်းကပင် ပရိသတ်များက အားပေးခဲ့ကြသည်။
သူမသည် ၂၀၁၆ မှ ၂၀၁၇ အတွင်း Dutch Mill အချိုရည် အတွက် ကိုယ်စားလှယ်အဖြစ် နှင့် ၂၀၁၉ ခုနှစ်တွင် Sun Silk ခေါင်းလျော်ရည် အတွက် ကိုယ်စားလှယ် အဖြစ် လုပ်ကိုင်ခဲ့သည်။ [6] ထို့အပြင် သူမသည် Nescafe ကော်ဖီတွင်လည်း ၁ နှစ် တိုင်အောင် ကိုယ်စားလှယ် အဖြစ်လုပ်ကိုင်ခဲ့ဖူးသည်။ ၂၀၁၉ ခုနှစ်တွင် Samsung ၏ နောက်ဆုံးပေါ်ထုတ်ကုန်များ ကြော်ငြာရန် အတွက် ကိုယ်စားလှယ်အဖြစ် လုပ်ဆောင်ခဲ့သေးသည်။[7]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.