ပန်ဝါမြို့သည် ကချင်ပြည်နယ် ချီဖွေခရိုင်ချီဖွေမြို့နယ်တွင် ပါဝင်သော တရုတ်မြန်မာနယ်စပ်မြို့ ဖြစ်သည်။ မေခမြစ်ကမ်းပေါ်ရှိ ချီဖွေမြို့မှ ၄၀ မိုင်ခန့်ကွာဝေးသည်။ ပန်ဝါမြို့တွင် ဦးစခုတ်တိန့်ယိန်း ခေါင်းဆောင်သော နယ်ခြားစောင့်တပ်အသွင်ပြောင်းထားသော ကချင်ပြည်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) အခြေစိုက်သည်။

အချက်တိုများ ပန်ဝါမြို့, နိုင်ငံအမည် ...
ပန်ဝါမြို့
မြို့
Thumb
ပန်ဝါမြို့
ပန်ဝါမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 25°59′N 98°20′E
နိုင်ငံအမည် မြန်မာ
ပြည်နယ် ကချင်
ခရိုင်ချီဖွေ
မြို့နယ်ချီဖွေမြို့နယ်
လတ္တီကျု(၂၅)ဒီဂရီ၊ (၅၉)မိနစ်
လောင်ဂျီကျု(၉၈)ဒီဂရီ၊ (၂၀)မိနစ်
လူဦးရေ (၂၀၁၄)၈,၇၃၆[1]
အချိန်ဇုန်မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)
ပိတ်ရန်

ပထဝီဝင်

ပန်ဝါမြို့သည် ဧရိယာစတုရန်းမိုင် ၁၃၅၅ မိုင်ကျယ်ဝန်းပြီး[2] အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်တွင် ဝိုင်းမော်မြို့နယ်နှင့် တရုတ်နိုင်ငံ၊ အနောက်ဘက်နှင့် မြောက်ဘက်တွင် ချီဖွေမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြင့်မားမတ်စောက်သည့် တောင်တန်းနှင့်တောင်စောင်းများ ဝန်းရံထားသောကြောင့် မြေပြန့်လွင်ပြင်နည်းပါးသည့် မြို့လေးဖြစ်သည်။

ရာသီဥတု

တစ်နှစ်ပတ်လုံး ချမ်းအေးသည့် ရာသီဥတုရှိခြင်းကြောင့် အမြင့်ဆုံးအပူချိန်မှာ ၁၈ ဒီဂရီဆဲလ်စီးယပ်သာ ရှိသည်။ ဆောင်းရာသီတွင် အအေးဒဏ်ကို ပိုမိုခံစားရပြီး အနိမ့်ဆုံး အပူချိန် ရေခဲမှတ်အောက် (-၁၀) ဒီဂရီဆဲလ်စီးယပ်ထိ ကျဆင်းကာ တစ်မြို့လုံး ရေခဲနေတတ်သည့် မြို့ဖြစ်သည်။[2]

လူနေမှု

ပန်ဝါမြို့တွင် ကချင်တိုင်းရင်းသား အနွယ်ဝင် လော်ဝေါ်၊ လာချိတ်၊ငေါ့ချန်း၊ လီဆူးမျိုးနွယ်တို့ အများစုနေထိုင်ကြပြီး အိမ်ထောင်စု ၁၇ဝ ကျော် တွင် လူဦးရေ ၁၁ဝဝ ကျော် နေထိုင်သည်။ ကျေးလက်ဒေသတွင် အိမ်ခြေ ၁၂ဝဝ ကျော်ရှိပြီး လူဦးရေ ၆၉ဝဝ ကျော်နေထိုင်သောကြောင့် ပန်ဝါ မြို့တွင် လူဦးရေစုစုပေါင်း ၈ဝဝဝ ကျော်ရှိသည်။ အများစုမှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။[2]

စီးပွားရေး

သတ္တုတွင်းလုပ်ငန်းကို အများစု လုပ်ကိုင်ကြသည်။ စိုက်ပျိုးမြေရှိသော်လည်း သီးနှံအနည်းငယ်သာစိုက်ပျိုးကြပြီး ချဉ်စော်ခါးသီးကို အများဆုံးစိုက်ပျိုးကြသည်။ နယ်စပ်မြို့လေး တစ်မြို့ဖြစ်သဖြင့် ကုန်သွယ်ခြင်းကိုလည်း အဓိကထား လုပ်ကိုင်ကြသည်။

ထင်ရှားသည့် နေရာများ

မူလတန်း၊ အလယ်တန်း၊ အထက်တန်း စာသင်ကျောင်း သုံးကျောင်းရှိပြီး ဘောလုံး အားကစားကွင်း တစ်ကွင်းသာရှိသည်။ မြို့ပေါ်တွင် (၂၅) ခုတင် ဆံ့ပန်ဝါဆေးရုံကြီး တည်ရှိကာ၊ လန်းဂျော၊ရှီးကျန်၊ လုပီကျန်း၊ ဖီမော ကျေးရွာလေးရွာတွင် ကျန်းမာရေး ဌာနခွဲ တစ်ခုစီရှိသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ စည်ပင်၊ နတလ၊ စိုက်ပျိုးရေး၊ မြေစာရင်း၊ ဆောက်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ တိ/မွေးကု၊ ရုပ်သံ၊ ပြန်/ဆက်၊ လျှပ်စစ်၊ သတင်းတပ်ဖွဲ့၊ နကသ စသည်ဖြင့် စုစုပေါင်းအစိုးရဌာနဆိုင်ရာ အဖွဲ့အစည်း ၁၇ ခု လည်းရှိသည်။

ဗုဒ္ဓဘာသာ ဘုရားစေတီ နှစ်ဆူနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်းရှိသည်။ မြို့ပေါ် အမှတ်(၁)ရပ်ကွက်ရှိ ဇမ္ဗူငြိမ်းစေတီတော်၊ မြို့ဦးဘုန်းကြီးကျောင်းနှင့် စိန်ပေါလ်ကက်သလစ် ဘုရားကျောင်းတို့သည် ထင်ရှားသည့် နေရာများဖြစ်သည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.