ပစ်စတာချိုပင်
From Wikipedia, the free encyclopedia
ပစ်စတာချိုပင် (Pistacchio) (/pɪˈstɑːʃiˌoʊ, -ˈstæ-/,[2] ပစ်စတာချီယ ဗာရာ (Pistacia vera)) ဆိုသည်မှာ သီဟိုဠ်မျိုးနွယ်ဝင် အပင်တစ်မျိုးဖြစ်ပြီး အာရှအလယ်ပိုင်းနှင့် အရှေ့အလယ်ပိုင်းဒေသတွင် မူလအစ ပေါက်ရောက်သည့် အပင်ငယ်မျိုးဖြစ်သည်။ မြန်မာအခေါ်အားဖြင့် သစ်ဆိမ့်သီးဟူ၍ လည်းကောင်း၊ ရင်ကွဲသီး ဟူ၍လည်းကောင်းခေါ်ဝေါ်ကြသည်။ ဤအပင်မှရရှိသည့် အစေ့အဆံအား စားစရာအဖြစ် ကျယ်ပြန့်စွာအသုံးပြုကြသည်။ ပစ်စတာစီယာ ဝါရာ အား ပစ်စတာချိုဟု အမည်တွင်သည့် ပစ်စာစီယာမျိုးစု နှင့် မကြာခဏမှားယွင်းလေ့ရှိသည်။ ယင်းတို့၏ ပထဝီအနေအထားအရ ဖြန့်ဖြူးခြင်း ပုံစံနှင့် ယင်းတို့၏ အစေ့များသည် ပုံမှန်ထက် သေးငယ်၍ ပိုမိုပျော့ပြောင်းသော အခွံများအား ကြည့်ရှု၍ အခြားမျိုးစိတ်များအားခွဲခြားနိုင်သည်။ ၂၀၀၇ခုနှစ် စစ်တမ်းများအရ ကမ္ဘာ့ပစ်စတာချိုထုတ်လုပ်မှု၏ ထက်ဝက်ကျော်ခန့်အား အီရန်နိုင်ငံမှ ထုတ်လုပ်သည်။
အချက်တိုများ Pistacia vera, ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...
Pistacia vera | |
---|---|
Pistacia vera (Kerman cultivar) fruits ripening | |
Roasted pistachio seed with shell | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Sapindales |
မျိုးရင်း: | Anacardiaceae |
မျိုးရင်းသေး: | Anacardioideae |
မျိုးစု: | Pistacia |
မျိုးစိတ်: | P. vera |
ဒွိနာမ | |
Pistacia vera | |
ပိတ်ရန်