ပင်လယ်ကွေ့ စစ်ပွဲ
From Wikipedia, the free encyclopedia
ပါရှန်း ပင်လယ်ကွေ့ စစ်ပွဲ (ဩဂုတ်လ ၂ ရက် ၁၉၉၀ - ဖေဖော်ဝါရီလ ၂၈ရက် ၁၉၉၁) ကို ပင်လယ်ကွေ့ စစ်ပွဲဟုသာ ခေါ်ဝေါ်လေ့ ရှိကြပြီး ကုလသမဂ္ဂ မှ ခွင့်ပြုထားသော နိုင်ငံပေါင်း ၃၄နိုင်ငံမှ မဟာမိတ် တပ်များကို အမေရိကန်ပြည်ထောင်စုနှင့် ယူနိုက်တက်ကင်းဒမ်း တို့မှ ဦးဆောင်ပြီး အီရတ်နိုင်ငံကို တိုက်ခိုက်ခဲ့သော စစ်ပွဲ ဖြစ်သည်။
Persian Gulf War | |||||||
---|---|---|---|---|---|---|---|
ထိပ်ဆုံးမှ စ၍ လက်ယာရစ်၊ အမေရိကန် လေတပ် လေယာဉ်မှ ကူဝိတ်နိုင်ငံရှိ လောင်ကျွမ်းနေသာ ရေနံတွင်းများ အပေါ်တွင် ဖြတ်၍ ပျံသန်းနေပုံ၊ ဂရန်ဘီ စစ်ဆင်ရေးမှ ဗြိတိသျှ တပ်များ၊ လော့ဒ်ဟိ AC-130 မှ ကင်မရာဖြင့် ရိုက်ထားသော မြင်ကွင်း၊ မရဏ ဟိုင်းဝေး၊ M728 တိုက်ခိုက်ရေးယာဉ် | |||||||
| |||||||
စစ်ရင်ဆိုင်သည့် နိုင်ငံများ | |||||||
မဟာမိတ် တပ်ပေါင်းစုများ ကူဝိတ်အမေရိကန် ယူနိုက်တက်ကင်းဒမ်း ဆော်ဒီအာရေဗျ ပြင်သစ် အီတလီ ကနေဒါ အီဂျစ် ဆီးရီးယား မော်ရိုကို အာရပ်စော်ဘွားများပြည်ထောင်စု အိုမန် ကာတာ ဘင်္ဂလားဒေ့ရှ် Non-combat support:
| |||||||
တပ်မှူးများနှင့် ခေါင်းဆောင်များ | |||||||
Jaber Al-Ahmad Al-Jaber Al-Sabah |
ဆဒမ် ဟူစိန် | ||||||
စစ်အင်အား | |||||||
၉၅၉,၆၀၀[5] | ၅၄၅,၀၀၀ ( ကူဝိတ်တွင် ၁ သိန်း)[ကိုးကားချက်လိုသည်] | ||||||
အသေအပျောက် | |||||||
မဟာမိတ်တပ်ပေါင်းစု: ၂၉၂ဦး သေဆုံး[6] ၇၇၆ ဦး ဒဏ်ရာရ[7] ကူဝိတ်: ၂၀၀ သေဆုံး[8] |
၂၀,၀၀၀ မှ ၃၅,၀၀၀ အထိ သေဆုံး ၇၅,၀၀၀+ ဒဏ်ရာရ[7] | ||||||
ကူဝိတ် အရပ်သား သေဆုံးမှု: အရပ်သား ၃၀၀ သေဆုံး[12] |
ထိုစစ်ပွဲကို အီရတ်ခေါင်းဆောင်ဟောင်း ဆဒမ် ဟူစိန်မှ စစ်ပွဲများအားလုံး၏ မိခင်စစ်ပွဲဟု ရည်ညွန်းလေ့ရှိပြီး ပြန်လှန်တိုက်ခိုက်သော စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေး အမည်နှင့် ရောနှော၍ ကန္တာရမုန်တိုင်း စစ်ဆင်ရေး ဟု လွဲမှားစွာ ခေါ်ဝေါ်လေ့ ရှိကြသည်။ ၂၀၀၃-၂၀၁၀ အီရတ်စစ်ပွဲ ပေါ်မူတည်၍ ပထမ ပင်လယ်ကွေ့ စစ်ပွဲ၊ ပင်လယ်ကွေ့ စစ်ပွဲ ၁၊ အီရတ်စစ်ပွဲ စသည်ဖြင့်လည်း ခေါ်ဝေါ်လေ့ ရှိကြသည်။
အီရတ်တပ်ဖွဲ့များက ၁၉၉၀ ဩဂုတ်လ ၂ ရက်တွင် ကူဝိတ်နိုင်ငံကို ကျူးကျော်ခြင်းကို နိုင်ငံတကာမှ ဝိုင်းဝန်းရှုံ့ချမှုများဖြင့် တုံ့ပြန်ခဲ့သည်။ အီရတ်နိုင်ငံကိုလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် နိုင်ငံများမှ ချက်ချင်း စီးပွားရေး ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။ အမေရိကန် သမ္မတ ဂျော့ချ် အိတ်ချ် ဒဗလျူ ဘုရှ်က အမေရိကန် တပ်များကို ဆော်ဒီအာရေဗျ နိုင်ငံ အတွင်းတွင် ၆ လအကြာတွင် ပို့ဆောင် တပ်စွဲစေခဲ့သည်။ အခြားနိုင်ငံများကိုလည်း ထိုနေရာသို့ သူတို့၏ တပ်များ ပို့ဆောင်ရန် တိုက်တွန်းခဲ့သည်။ နိုင်ငံအများအပြားကပင် မဟာမိတ်တပ်သို့ ပူးပေါင်း ဝင်ရောက်ခဲ့ကြသည်။ မဟာမိတ် တပ်များတွင် စစ်အင်အားအများစုကို အမေရိကန် ပြည်ထောင်စု၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အီဂျစ်တို့မှ ပါဝင်ပံ့ပိုးကြသည်။ ယူအက်စ် ဒေါ်လာ ၆၀ ဘီလီယံ ကုန်ကျရာတွင် ၃၆ ဘီလီယံကို ဆော်ဒီအာရေဗျ နိုင်ငံမှ ပေးခဲ့သည်။