![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/c/cd/Shoulder_sleeve_insignia_of_Nay_Pyi_Daw_Command.svg/langmy-640px-Shoulder_sleeve_insignia_of_Nay_Pyi_Daw_Command.svg.png&w=640&q=50)
နေပြည်တော်တိုင်းစစ်ဌာနချုပ်
နေပြည်တော်အခြေစိုက် တိုင်းစစ်ဌာနချုပ် / From Wikipedia, the free encyclopedia
နေပြည်တော်တိုင်းစစ်ဌာနချုပ် (အတိုကောက် နပတ) သည် ပျဉ်းမနားမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ်စိုးမင်း (ကြည်း-၂၉၄၃၀) (စတသ-၃၉) ဖြစ်သည်။[1]
အချက်တိုများ နေပြည်တော်တိုင်းစစ်ဌာနချုပ်, နိုင်ငံ ...
နေပြည်တော်တိုင်းစစ်ဌာနချုပ် | |
---|---|
နပတ | |
![]() နေပြည်တော်တိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | ![]() |
တပ်မတော် အမျိုးအစား | ![]() |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
အမည်ပြောင် | ဂျိုကာအပြာ |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်ချုပ်စိုးမင်း |
ဒုတိယတိုင်းမှူး | ဗိုလ်မှူးချုပ်ကျော်စိုးဦး |
အဆောင်အယောင်များ | |
အလံတော် | ![]() |
ပိတ်ရန်