![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/c/cb/Silkroutes.jpg/640px-Silkroutes.jpg&w=640&q=50)
နိုင်ငံတကာကုန်သွယ်ရေး
From Wikipedia, the free encyclopedia
နိုင်ငံတကာကုန်သွယ်ရေးသည် ငွေကြေးအရင်းအနှီးများ၊ ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှု များကို နိုင်ငံတကာနယ်နိမိတ်များ သို့မဟုတ် ပိုင်နက်များအား ဖြတ်သန်း၍ လဲလှယ်ဖလှယ်ကြခြင်း ဖြစ်သည်။ များစွာသော နိုင်ငံတို့တွင် ၎င်းသည် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဘိုး (GDP) ၏ ထူးခြားထင်ရှားသည့် ဝေစု ဟုဖော်ပြပါသည်။ နိုင်ငံတကာကုန်သွယ်ရေးသည် သမိုင်းတစ်လျှောက်လုံး တည်ရှိနေစဉ်တွင် (ပိုးလမ်းမကြီး၊ ပယင်းလမ်း ကိုကြည့်ပါ)၊ ၎င်း၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး အရေးပါမှုများသည် မကြာမီသော ရာစုနှစ်များတွင် မြင့်မားထွက်ပေါ်လာခဲ့ပြီး ဖြစ်သည်။ စက်မှုလုပ်ငန်းတည်ထောင်ခြင်းများ၊ တိုးတက်လာသည့် လမ်းပန်းဆက်သွယ်မှုများ၊ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုများ၊ နိုင်ငံစုံကော်ပိုရေးရှင်းကြီးများနှင့် ပြင်ပမှဝန်ဆောင်မှုပေးသူများနှင့် ဆောင်ရွက်ခြင်း တို့သည် နိုင်ငံတကာကုန်သွယ်ရေးစနစ်အပေါ်တွင် အဓိကထိရောက်သော အကျိုးသက်ရောက်မှုများ ဖြစ်သည်။ တိုးမြှင့်လာသည့် နိုင်ငံတကာကုန်သွယ်ရေးသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု ဆက်လက် ဖြစ်ပေါ်သွားရေးအတွက် အရေးပါလှသော လိုအပ်ချက် ဖြစ်သည်။ နိုင်ငံတကာ ကုန်သွယ်ရေးမရှိပါက နိုင်ငံများသည် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ၎င်းတို့၏ ပိုင်ဆိုင်သည့် နယ်နိမိတ်များအတွင်းတွင်သာ ထုတ်လုပ်မှုပြုရန် ကန့်သတ်ထားလိမ့်မည်။
![InternationalTrade.](http://upload.wikimedia.org/wikipedia/commons/thumb/c/cb/Silkroutes.jpg/640px-Silkroutes.jpg)
နိုင်ငံတကာကုန်သွယ်ရေးသည် အခြေခံသဘောတရားအားဖြင့် ပြည်တွင်းကုန်သွယ်ရေး ဖြင့် ခြားနားခြင်းမရှိ ပါ။ စိတ်အားထက်သန်မှုနှင့် ကုန်သွယ်ရေးတွင် ပါဝင်သောအဖွဲ့အစည်းများ၏ အပြုအမှုများသည်၊ ကုန်သွယ်ခြင်းသည် နယ်နိမိတ် ဖြတ်ကျော်ခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အခြေခံအားဖြင့် ပြောင်းလဲမှု များမရှိပါ။ အဓိကခြားနားချက်မှာမူ နိုင်ငံတကာ ကုန်သွယ်ရေးသည် ပြည်တွင်းကုန်သွယ်ရေးထက် ထုံးတမ်းစဉ်လာအရ ကုန်ကျစရိတ် ပိုမိုများပြားပါသည်။ အကြောင်းမှာ နယ်စပ်တစ်ခုသည် အခွန်စည်းကြပ် ခြင်း ကဲ့သို့သော ထပ်ဆင့်ကုန်ကျစရိတ်များကို ထုံးစံအရ စည်းကြပ်ကောက်ခံပါသည်။ ယင်းတို့တွင် နယ်စပ် နှောင့်နှေးမှုများကြောင့် အချိန်နှင့်ကုန်ကျ စရိတ်များ၊ ဘာသာစကားများ၊ တရားဥပဒေ စနစ်များ သို့မဟုတ် ယဉ်ကျေးမှု စသော နိုင်ငံကွာခြားမှုများနှင့် ဆက်စပ်နှီးနွယ်သည့် ကုန်ကျစရိတ်များတို့ ပါဝင် ပါသည်။
ပြည်တွင်းကုန်သွယ်မှုနှင့် နိုင်ငံတကာကုန်သွယ်ရေးတို့၏ အခြားသော ခြားနားချက်မှာ ကုန်ထုတ်လုပ်မှု အခြေခံအချက်များ ဖြစ်သော ငွေကြေးအရင်းအနှီးများနှင့် လုပ်သား တို့ကို အစဉ်အလာအားဖြင့် တိုင်းပြည် များအား ဖြတ်သန်းခြင်းထက် တိုင်းပြည်တစ်ပြည်အတွင်းတွင် ပိုမိုရွှေ့ပြောင်းသယ်ယူနိုင်ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် နိုင်ငံတကာ ကုန်သွယ်ရေးသည် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကိုသာ ကုန်သွယ်မှုပြုရန် များသောအားဖြင့် ကန့်သတ်ထား၍ ပိုမိုနည်းသော ပမာဏကိုသာ ငွေကြေးအရင်းအနှီးများ လုပ်သားများ သို့မဟုတ် အခြားသော ကုန်ထုတ်လုပ်မှု အခြေခံများတွင်ပြုလုပ်နိုင်သည်။ သို့ဖြစ်၍ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများတွင် ကုန်သွယ်ခြင်းများသည် ကုန်ထုတ်လုပ်မှု အခြေခံများကို ကုန်သွယ်ခြင်းအတွက် အစားထိုးမှုတစ်ခုကဲ့သို့ ဖြစ်ပေါ်စေသည်။
ကုန်ထုတ်လုပ်မှုအခြေခံတစ်ခုကို တင်သွင်းခြင်းအစား တိုင်းပြည်တစ်ပြည်သည် ယင်းကုန်ထုတ်လုပ်မှုအခြေခံအား လွန်ကဲစွာ အသုံးပြုထားသည့် ကုန်ပစ္စည်း များကို တင်သွင်းမှုပြုနိုင်၍၊ ဤသို့ဖြင့် သက်ဆိုင်ရာ အခြေခံအချက်ကို ရုပ်လုံးဖော်နိုင်မည် ဖြစ်သည်။ ဥပမာတစ်ခုမှာ အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံမှ လုပ်သားပါဝင်မှုများသည့် ကုန်ပစ္စည်း များကို တင်သွင်းခြင်းဖြစ်သည်။ တရုတ်အလုပ်သမားများကို တင်သွင်းခြင်းအစား အမေရိကန် ပြည်ထောင်စုသည် တရုတ်နိုင်ငံမှ တရုတ်အလုပ်သမားများဖြင့် ထုတ်လုပ်သော ကုန်ပစ္စည်းများကို တင်သွင်းခြင်း ဖြစ်သည်။
နိုင်ငံတကာကုန်သွယ်ရေးသည် စီးပွားရေးပညာ၏ အခက်အလက် တစ်ခုဖြစ်၍၊ နိုင်ငံတကာဘဏ္ဍာရေး နှင့် အတူ နိုင်ငံတကာ စီးပွားရေးပညာ၏ ပိုမိုကြီးမားသော အခက်အလက်အဖြစ် ပုံဖော်စေသည်။
နိုင်ငံတကာကုန်သွယ်ရေးသည် အမျိုးမျိုးသော ငွေကြေးစနစ်များကို အသုံးပြုပါသည်။ ၎င်းတို့၏ အဓိက အရေးကြီးသည်များကို နိုင်ငံခြားငွေ အရန်ငွေများအဖြစ် အစိုးရများနှင့် ဗဟိုဘဏ်များမှ ဆုပ်ကိုင်ထားသည်။ ဤနေရာတွင် ၁၉၉၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ငွေကြေးစနစ်တစ်ခုခြင်းစီအတွက် ကမ္ဘာလုံးဆိုင် ရာ တိုးပွားလာသည့်အရန်ငွေများ၏ ရာခိုင်နှုန်းများကို ဖော်ပြထားသည်။ အမေရိကန်ဒေါ်လာ သည် အများဆုံးရှာဖွေယူကြသည့် ငွေကြေးဖြစ်၍၊ ယူရိုသည်လည်း အလားတူပင် ခိုင်မာသည့် တောင်းဆို ချက်များ ရှိသည်။