ကြယ်ဖြူပု (အင်္ဂလိပ်: White dwarf) ဆိုသည်မှာ ကြယ်နီ သို့မဟုတ် ကြယ်ဝါ သို့မဟုတ် ဒြပ်ပမာဏ သေးငယ်သော ကြယ်ပြာ တခုခု ရေရှည်သက်တမ်းကာလ ပြီးဆုံး၍ အပြင်လွှာများ လွင့်စဉ်ကွာထွက်ပြီးလျှင် အတွင်းသား ကျန်ရစ်သော ကြယ်ကြွင်း ဖြစ်သည်။ ထို့ကြောင့် နျူကလီးယား ပေါင်းစည်းမှု ဆက်လက် မဖြစ်ပေါ်၊ မလောင်မြိုက်တော့သော ဒြပ်သားအစုအဝေး ဖြစ်ပြီး ကြယ်ဖြူပုတို့ကို အီလက်ထရွန်-ပြိုဆင်းဒြပ်သားတို့ဖြင့် အဓိက ဖွဲ့စည်းကျန်ရစ်တတ်သည်။

Thumb
ဟပ်ဘယ် အာကာသ တယ်လီစကုပ်မှ ရိုက်ယူထားသော ဆိုင်ရပ်စ် A နှင့် ဆိုင်ရပ်စ် B တို့၏ ဓာတ်ပုံဖြစ်သည်။ ဆိုင်ရပ်စ် B သည် ကြယ်ဖြူပုဖြစ်ပြီး တောက်ပသည့် ဆိုင်ရပ်စ် A အောက်နားလေးတွင် မှေးမိန်သည့်အလင်းအဖြစ် တွေ့ရသည်။

ကြယ်ဖြူပုများ၏ သိပ်သည်းမှုက အလွန် မြင့်မားသည်၊ ဥပမာအားဖြင့် ထုထည် အရွယ်အစားက ကမ္ဘာဂြိုဟ်မျှသာ ရှိသော ကြယ်ဖြူပု တလုံး၌ သိပ်သည်းပါရှိနေသည့် ဒြပ်ထုပမာဏသည် (ကမ္ဘာဂြိုဟ်အလုံးထက် အဆ ၁သန်းကျော်ခန့် ထုထည် ရှိသော) နေလုံး၏ ဒြပ်ပမာဏမျှ ရှိနေပေမည်။ သို့သော် ကြယ်ဖြူပုတို့၏ လင်းအား (en:luminosity)မှာ နည်းပါးသည်။ အကြောင်းမှာ ကြယ်၏ ရေရှည်သက်တမ်းကာလက တောက်လောင်ခဲ့သော စွမ်းအင်တို့၏ အကြွင်းကျန်ဖြင့်သာ ဆက်လက် လင်းတောင်နေခြင်းကြောင့် ဖြစ်သည်။

ကြယ်ဖြူပု၏ အရောင်မှာ အခြားကြယ်များကဲ့သို့ပင် ဖြစ်သော်လည်း အခြားကြယ်များကဲ့သို့ တောက်ပခြင်း မရှိပေ။ ကြယ်ဖြူပုများကို ၁၉ ရာစုတွင် တွေ့ရှိခဲ့ပြီး အစောဆုံး တွေ့ရှိခဲ့ရသည်တို့မှာ အဖြူရောင်များ ဖြစ်ကြသည်။
ကြယ်၏ အရောင်ပေါ်မူတည်၍ ၎င်း၏ အပူချိန် မည်မျှရှိသည်ကို တိုင်းတာနိုင်သည်။ အဖြူရောင်ကြယ်များမှာ နေကဲ့သို့ပင်ဖြစ်ပြီး အပြာရောင်ကြယ်များမှာ ပို၍ ပူပြင်းကာ အနီရောင်ကြယ်များမှာ အပူချိန် လျော့နည်းသည်။ ကြယ်ဖြူပုများ တောက်ပခြင်း မရှိရခြင်းအကြောင်းမှာ သူတို့သည် အခြားတောက်ပသော ကြယ်များနှင့်ယှဉ်လျှင် အရွယ်အစား သေးငယ်သောကြောင့် ဖြစ်ပြီး အပူချိန် လျော့နည်းသောကြောင့် မဟုတ်ပေ။ အချို့ ကြယ်ဖြူပုများမှာ အဖြူရောင် မဟုတ်ဘဲ အပြာရောင် ရှိတတ်သည်။ မိမိတို့သိရှိရသည့် အနီးဆုံးကြယ်ဖြူပုမှာ ဆိုင်ရပ်စ် B ဖြစ်ပြီး အလင်းနှစ် ၈.၆ ကွာဝေးသည်။ ယင်းသည် အဖော်ကြယ် ဆိုင်ရပ်စ် A နှင့် ဒွိကြယ်စနစ်ဖြစ်သည်။ ယခုလက်ရှိ အခြားသော ရာချီသည့် ကြယ်ဖြူပုများထဲမှ နေနှင့်အနီးဆုံးကြယ်ဖြူပုများမှာ ၈ စင်းရှိသည်။[1] ပုံမှန်မဟုတ်သည့် မှေးမိန်သည်ကြယ်အား ၁၉၁ဝ ခုနှစ်တွင် ပထမဆုံးအကြိမ် သတိပြုမိခဲ့သည်။[2] ကြယ်ဖြူပု ဟူသော အမည်အား ဝီလန် လုတန်ဆိုသူမှ ၁၉၂၂ ခုနှစ်တွင် ကင်ပွန်းတပ်ခဲ့ခြင်းဖြစ်သည်။[3]

ကြယ်ဖြူပုအများစုမှာ ကမ္ဘာနှင့် အရွယ်အစား အတူတူခန့်ရှိကြပြီး နေထက် အဆ ၁၀၀ ခန့် ပို၍ သေးငယ်သည်။ သို့သော် သူတို့သည် နေလောက်နီးနီး လေးလံကြပြီး ထို့အတွက် ၎င်းတို့မှာ အလွန်သိပ်သည်းကြသည်။ ကြယ်ဖြူပုမှာ ပို၍ လေးလံလေလေ ၎င်း၏အရွယ်အစားမှာ ပို၍သေးငယ်လေ ဖြစ်သည်။

ကျွန်ုပ်တို့၏ နေကဲ့သို့သော ကြယ်များသည် လောင်စာကုန်သွားပါက ကြယ်ဖြူပုအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။ သက်တမ်းကုန်ခါနီးတွင် ဧရာမ ကြယ်နီ အဆင့်ကို ဖြတ်သန်းရမည် ဖြစ်ပြီး သူ၏ ဓာတ်ငွေ့အများစုကို ထိုအခြေအနေတွင် ဆုံးရှုံးရမည်။ ကျန်ရှိနေသော ဓာတ်ငွေ့များ နေသားတကျ ဖြစ်သွားပါက ၎င်းသည် နုနယ်သော ကြယ်ဖြူပုအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။

ကျမ်းကိုး

အခြားကြည့်ရန်

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.