![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/67/Indian_hog_deer.jpg/640px-Indian_hog_deer.jpg&w=640&q=50)
ဒရယ်
နို့တိုက်သတ္တဝါ မျိုးစိတ်များ / From Wikipedia, the free encyclopedia
ဒရယ်သည် စားမြုံ့ပြန်တတ်သည့် နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်သည်။ ဒရယ်သည် ကိုယ်လုံးကိုယ်ထည်အသွင်သဏ္ဌာန်အားဖြင့် သမင်နှင့်ဆင် သည်။ ကိုယ်ထည်လုံးပြီး မွဲညစ်ညစ်မီးခိုးရောင် ရှိသည်။ ဒရယ်၏ဦးချိုသည် သမင်တို့ကဲ့သို့ ရှည်လျားခြင်းမရှိဘဲ အတန်ငယ်တိုသည်။ ဒရယ်ဖို အများစုသည် နှစ်စဉ် ချိုများ ကျွတ်ကာ အသစ်ပြန်ပေါက်လေ့ရှိသည်။ ဒရယ်သည် အသီးအရွက်စားသော သတ္တဝါဖြစ်ပြီး တောတွင်းတွင် အခြားအသားစား သတ္တဝါများ၏ အစာအဖြစ် ကိုက်သတ်စားသောက်ခြင်းကို ခံကြရသည်။ ဒရယ်သည် များသောအားဖြင့် အုပ်ဖွဲ့ ပြီး နေလေ့ရှိသည်။ ဒရယ်ကို အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့တွင် တွေ့ရသည်။ “ဒရယ်သားသည် အေး၏။ ကြေခဲ၏။ ချိုဆိမ့်၏။ ဝမ်းချုပ်၏။ ဝစေတတ်၏။ အားကိုဖြစ်စေတတ်၏။ လေသည်း ခြေကိုနိုင်၏။ သလိပ်ကို စဉ်းငယ်ပျက်စေတတ်၏”ဟု ဥတုဘောဇနသင်္ဂဟကျမ်းတွင် ဖော်ပြပါရှိသည်။ [2]
Indian hog deer | |
---|---|
![]() | |
Indian hog deer in Phu Khieo Wildlife Sanctuary, Thailand | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Artiodactyla |
မျိုးရင်း: | Cervidae |
မျိုးရင်းသေး: | Cervinae |
မျိုးစု: | Axis |
မျိုးစိတ်: | A. porcinus |
ဒွိနာမ | |
Axis porcinus (Zimmermann, 1780) | |
![]() |