![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/3/32/Zhangye_Dafo_Si_2014.01.02_15-33-30.jpg/640px-Zhangye_Dafo_Si_2014.01.02_15-33-30.jpg&w=640&q=50)
ဒဖိုကျောင်းတော် (ချောင်ယဲ့)
From Wikipedia, the free encyclopedia
ဒဖိုကျောင်းတော် သို့မဟုတ် ဗုဒ္ဓရုပ်ပွားတော်ကြီးကျောင်းတော် (တရုတ်: 大佛寺; ပင်ယင်: Dàfó Sì) သည် တရုတ်နိုင်ငံ၊ ဂန်းဆု (Gansu), ချောင်ယဲ့ (Zhangye) တွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ အနောက်ရှီယာကာလ Western Xia period အတွင်း ၁၁၀၀ နှစ်ဝန်းကျင်လောက်က တည်ဆောက်ခဲ့သည့် ၃၅ မီတာရှည်လျားသည် အလွန်တရာကြီးမားသည့် လျောင်းတော်မူရုပ်ပွားတော်ကြီးကြောင့် ကျောင်းတော်သည် လူသိများထင်ရှားသည်။ ၂၀၀၅ - ၂၀၀၆ တွင်ကျောင်းတော်ကို ပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် လာရောက်လည်ပတ်သူများ ထောင်ပေါင်းများစွာရှိခဲ့သည်။ ကျောင်းတော်၏ အမည်သည် အချိန်ကာလရွေ့လျောလာသည်နှင့်အမျှ "Kasyapa Buddha Temple" (迦叶如来寺), the "Bojue Temple" (宝觉寺), the "Hongren Temple" (宏仁寺), "လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်ကျောင်းတော်" (睡佛寺) စသဖြင့် အမျိုးမျိုး ပြောင်းလဲခဲ့သည်။ ယခုလက်ရှိ ကျောင်းတော်၏ အမည်မှာ "ဒဖို" ဖြစ်ပြီး "ဗုဒ္ဓရုပ်ပွားတော်ကြီး" ဟု အဓိပ္ပာယ်ရသည်။[1]
ဒဖိုကျောင်းတော် | |
---|---|
大佛寺 | |
![]() The reclining Buddha statue. | |
အချက်အလက်များ | |
တည်နေရာ | Zhangye, Gansu |
ကိုဩဒိနိတ် | 38°55′48″N 100°27′15″E |
ဘာသာရေး နှီးနွယ်မှု | ဗုဒ္ဓဘာသာ |
နိုင်ငံ | China |
ဝက်ဘ်ဆိုဒ် | zydfs.com |
ဗိသုကာ | |
ဗိသုကာ စတိုင် | တရုတ်ဗိသုကာ |
စတင်သည့်နှစ် | 1098 |