![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/b/b3/ETH-BIB-Bernoulli%252C_Daniel_%25281700-1782%2529-Portrait-Portr_10971.tif_%2528cropped%2529.jpg/640px-ETH-BIB-Bernoulli%252C_Daniel_%25281700-1782%2529-Portrait-Portr_10971.tif_%2528cropped%2529.jpg&w=640&q=50)
ဒန်နီယယ် ဘာနော့လိ
ဆွစ်လူမျိုး သင်္ချာပညာရှင် / From Wikipedia, the free encyclopedia
ဒန်နီယယ် ဘာနော့လိ(အင်္ဂလိပ်: Daniel Bernoulliဂျာမန် အသံထွက်: [bɛʁˈnʊli];[1] ၈ ဖေဖော်ဝါရီ ၁၇၀၀ – ၁၇ မတ် ၁၇၈၂)သည် ဆွစ်လူမျိုး သင်္ချာပညာရှင်နှင့် ရူပဗေဒပညာရှင်တစ်ဦးဖြစ်ပြီး ဘာနော့လိညီအစ်ကိုများထဲမှ ထင်းရှားသော သင်္ချာပညာရှင်များထဲမှ တစ်ဦးဖြစ်သည်။ သူအား မက္ကဲနစ်ပညာရပ်တွင် အထူးသဖြင့် Fluid mechanics တွင် သင်္ချာပညာအား အသုံးချသင်္ချာအဖြစ် ဆောင်ရွက်နိုင်မှု၊ ဖြစ်တန်စွမ်း(Probability)နှင့် စာရင်းအင်းပညာ(Statistics)တို့တွင် ရှေးဦးလမ်းသစ်ထွင်မှုတို့ကြောင့် ထင်ရှားသည်။ သူအမည်အား အမှတ်ရစေရန် စွမ်းအင်တည်မြဲမှုနိယာမမှ စံအခြေအနေတစ်ခုကို ဘာနော့လိနိယာမဟု မှည့်ခေါ်ထားပြီး mechanism ကို သင်္ချာနည်းဖြင့် ဖော်ပြထားကာ ၂၀ ရာစု၏ အရေးပါသော နည်းပညာဖြစ် ကာဘရိုက်တာနှင့် လေယာဉ်တောင်ပံတို့၏ အခြေခံသဘောတရားဖြစ်သည်။
အချက်တိုများ ဒန်နီယယ် ဘာနော့လိ Daniel Bernoulli, မွေးဖွား ...
ဒန်နီယယ် ဘာနော့လိ Daniel Bernoulli | |
---|---|
![]() ဒန်နီယယ် ဘာနော့လိ | |
မွေးဖွား | ၈ ဖေဖော်ဝါရီ ၁၇၀၀ ဂရိုနင်ဟန်မြို့၊ ဒတ်ချ်ရီပါ့ပလစ် |
ဆုံးပါး | ၁၇ မတ် ၁၇၈၂ (အသက် ၈၂ နှစ်) ဘာဆဲလ်မြို့၊ ဆွစ်ရီပါ့ပလစ် |
နိုင်ငံလူမျိုး | ဆွစ်လူမျိုး |
နယ်ပယ် | သင်္ချာ၊ ရူပဗေဒ၊ ဆေးပညာ |
မိခင်ကျောင်း | ဘာဆဲလ်တက္ကသိုလ်l (M.D., 1721) ဟိုက်ဒယ်ဘာ့ဂ်တက္ကသိုလ် စထရက်ဘာ့ဂ်တက္ကသိုလ် |
ဘွဲ့ယူစာတမ်း | "Dissertatio physico-medica de respiratione" (Dissertation on the medical physics of respiration) (၁၇၂၁ ခုနှစ်) |
ကျော်ကြားမှုအရင်းခံ | Bernoulli's principle Early kinetic theory of gases သာမိုဒိုင်းနမစ် |
လက်မှတ် |
ပိတ်ရန်