![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/c/c7/Carnot_engine_%2528hot_body_-_working_body_-_cold_body%2529.jpg/640px-Carnot_engine_%2528hot_body_-_working_body_-_cold_body%2529.jpg&w=640&q=50)
သာမိုဒိုင်းနမစ်
From Wikipedia, the free encyclopedia
သာမိုဒိုင်းနမစ် (အင်္ဂလိပ်: Thermodynamics) ဆိုသည်မှာ အရာဝတ္ထုများအကြား အပူပြောင်းလဲခြင်းကို လေ့လာသည့် ရူပဗေဒ ပညာရပ် တစ်ခုဖြစ်သည်။ ၎င်းသည် အရာဝတ္ထုတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိတို့ကို ညွှန်ပြသော အပူချိန်၊ ဖိအား နှင့် ထုထည်အစရှိသော ကိန်းရှင်များကို ဆက်စပ်ပေးပြီး ထိုသို့ ဆက်စပ်ပေးသော သိပ္ပံပညာကို သာမိုဒိုင်းနမစ်ဟု ခေါ်ဆိုလေ့ ရှိသည်။
![](http://upload.wikimedia.org/wikipedia/commons/thumb/c/c7/Carnot_engine_%28hot_body_-_working_body_-_cold_body%29.jpg/320px-Carnot_engine_%28hot_body_-_working_body_-_cold_body%29.jpg)
သမိုင်းကြောင်းအားဖြင့် ပြန်လည် ကြည့်ရှုမည်ဆိုလျှင် သာမိုဒိုင်းနမစ် စနစ်သည် အစောပိုင်း ရေနွေးငွေ့ အင်ဂျင်တို့၏ လုပ်ဆောင်ချက် ထိရောက်မှုစွမ်းရည် (Efficiency) ကို မြှင့်တင်ရန် အတွက် တီထွင်ခဲ့ခြင်း ဖြစ်သည်။