![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/09/Shoulder_sleeve_insignia_of_Southern_Command.svg/langmy-640px-Shoulder_sleeve_insignia_of_Southern_Command.svg.png&w=640&q=50)
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်
ကေတုမတီမြို့ အခြေစိုက် တိုင်းစစ်ဌာနချုပ် / From Wikipedia, the free encyclopedia
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် တပခ) သည် ကေတုမတီမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် မြောက်ဘက်ခြမ်းဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ကြည်သိုက် (ကြည်း - ၂၉၄၀၇) (စတသ - ၃၉) ဖြစ်သည်။
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (စက်တင်ဘာ ၂၀၂၁) |
အချက်တိုများ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်, နိုင်ငံ ...
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် | |
---|---|
တပခ | |
![]() တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | ![]() |
တပ်မတော် အမျိုးအစား | ![]() |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
အမည်ပြောင် | တောင်ငူသား၊ ကေတုမတီ |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ကြည်သိုက် |
ဒုတိယတိုင်းမှူး | ဗိုလ်မှူးချုပ် အောင်ခိုင်ချို |
အဆောင်အယောင်များ | |
အလံတော် | ![]() |
ပိတ်ရန်