တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် အင်တာနက် ဆင်ဆာလုပ်ခြင်း
From Wikipedia, the free encyclopedia
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အင်တာနက်ဆင်ဆာလုပ်ခြင်းကို ဥပဒေနှင့် အုပ်ချုပ်ရေးစည်းမျဉ်းပေါင်းများစွာအရ ဆောင်ရွက်သည်။ ဆင်ဆာလုပ်ခြင်းက လိုက်နာသော တိကျသည့် ဥပဒေများ သို့မဟုတ် စည်းမျဉ်များ မရှိပါ။ ထိုဥပဒေများအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ(PRC) အစိုးရက ခြောက်ဆယ်ထက်မနည်းသော အင်တာနက် စည်းမျဉ်းများကို ချမှတ်ခဲ့ပြီး နိုင်ငံတော်ပိုင် ISP များ၏ ဒေသခံအခွဲများ၊ စီးပွာရေးလုပ်ငန်း ကုမ္ပဏီများနှင့် အဖွဲ့အစည်းများက ဆင်ဆာစနစ်များကို အားစိုက်ခွန်စိုက် လိုက်နာဆောင်ရွက်ကြသည်။ ဆင်ဆာလုပ်ခြင်းကို် ဟောင်ကောင်နှင့် မက္ကာအိုတို့တွင် မပြုလုပ်ပါ။ အကြောင်းမှာ ၎င်းတို့သည် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်စာချုပ်အရ အသိအမှတ်ပြုခြင်းခံရသော အထူးသီးခြားဒေသများ ဖြစ်ကာ လွတ်လပ်သော တရားစီရင်ရေးအာဏာရှိသောကြောင့်ဖြစ်ပြီးသတင်းအချက်အလက်များ လွတ်လပ်စွာ စီးဆင်းခြင်းကို ကန့်သတ်လိုသည့် ဥပဒေများအပါအဝင် PRC ၏ ဥပဒေအများစုကို မူတည်ခြင်းမရှိပါ။
အွန်လိုင်း ဝေဖန်ရေး အယူအဆများကို ပျက်ပြယ်စေရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှု ပို၍ကျယ်ပြန့်လာ ခြင်းသည် ဂျပန်ဆန့်ကျင်ရေး၊ ညစ်ညမ်း မှုဆန့်ကျင်ရေး၊ စာရိတ္တချို့ယွင်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ နှင့် မျိုးနွယ်စု အဓိကရုဏ်းများ နောက်ပိုင်းတွင် ဖြစ်ပေါ်လာသည်။ ယင်းတို့တွင် အများစုမှာ အမြန်သတင်းပို့ခြင်း ဝန်ဆောင်မှုများ၊ စကားပြောခန်းများနှင့် စာသား သတင်းပို့ခြင်းတို့ကို အသုံးပြု၍ စုစည်းခြင်း သို့မဟုတ် အများပြည်သူမြင်သာအောင် တင်ပြခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ အင်တာနက် ရဲတပ်ဖွဲ့အင်အားမှာ ၃၀၀၀၀ကျော်ရှိသည်ဟု ကောလဟလပြောဆိုကြသည်။ အင်တာနက် စုပေါင်းဆွေးနွေးပွဲများ(forum)၊ blog များနှင့် Sohu နှင့် Sina ကဲ့သို့ အဓိက Portal တို့တွင် ဝေဖန်သော မှတ်ချက်များသည် များသောအားဖြင့် မိနစ်အနည်းအငယ်အတွင်း ဖျက်ပစ်ခြင်း ခံရသည်။
PRC ၏ အင်တာနက် ထိန်းချုပ်မှု တပ်ဆင် ခြင်းကို ကမ္ဘာပေါ်ရှိ အခြားသော နိုင်ငံများထက် ပို၍ ကျယ်ပြန့်ပြီး ပို၍ အဆင့်မြင့်သည်ဟု ယူဆကြသည်။ အစိုးရက ဝက်(ဘ်)ဆိုဒ် အကြောင်းအရာများသာ ပိတ်ဆို့ခြင်းမဟုတ်ဘဲ တစ်ဦးချင်းစီ၏ အင်တာနက် အသုံပြုမှုကို စောင့်ကြည့်ခြင်းလည်း ပြုလုပ်သည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ က တရုတ်နိုင်ငံသည် “ကမ္ဘာပေါ်တွင် သတင်းစာဆရာများနှင့် cyber-သဘောထားကွဲလွဲသူများကို ထောင်သွင်းအကျဉ်းချထားမှု အရေအတွက် အများဆုံးနိုင်ငံဖြစ်သည်” ဟု မှတ်ချက်ချသည်။ ပြစ်မှုကျူးလွန်သည်ဟု ၎င်းတို့ စွဲဆိုသော အကြောင်းရင်းများတွင် နိုင်ငံရပ်ခြားရှိ အုပ်စုများနှင့် ဆက်သွယ်ခြင်း၊ Falun Gong ကို ညှင်းပန်းနှိပ်စက်မှုကို ဆန့်ကျင်ခြင်း၊ အွန်လိုင်း အသနားခံလွှာများတွင် ပါဝင်ခြင်းနှင့် ပြုပြင်ပြောင်းလဲရေးနှင့် စာရိတ္တချို့ယွင်းမှုကို အဆုံးသတ်ရန် ဆင့်ခေါ်ခြင်းများ ပြုလုပ်ခြင်းတို့ ပါဝင်သည်။